အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်
Wednesday, January 23, 2013
ရေယာဉ်များအတွက် စက်သုံးဆီ ရောင်းချခွင့်လိုင်စင် ပထမဆုံးခွင့်ပြုပြီ
ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၃ ရက် ၂၀၁၃ ခုနှစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်တွင်းရေကြောင်းနှင့် ပြည်တွင်း ကမ်းရိုးတန်းတို့ရှိ ရေယာဉ်များအား စက်သုံးဆီ တိုက်ရိုက်ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်အား စွမ်းအင်ဝန်ကြီးဌာနမှ ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်၍ ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။
“ရေယာဉ်တွေကို စက်သုံးဆီ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချတဲ့လုပ်ငန်း လုပ်လိုတဲ့သူအနေနဲ့ ကုမ္ပဏီ အဖွဲ့အစည်းရဲ့ အမည်၊ နိုင်ငံသား စီစစ်ရေးကတ်ပြားအမှတ်၊ ကုမ္ပဏီ မှတ်ပုံတင်အမှတ်နဲ့ ထုတ်ပေးတဲ့ရက်စွဲ၊ လုပ်ငန်းတည်နေရာရဲ့ လိပ်စာတွေနဲ့အတူ နေပြည်တော်ရုံးအမှတ် ၆၊ ဝန်ကြီးဌာနမှာ လျှောက်ထားနိုင်ပါတယ်” ဟု မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရုံးချုပ်မှ တာဝန်ရှိသူတဦးက ပြောသည်။
ထို့အပြင် ရေယာဉ်မှတ်ပုံတင်လက်မှတ်၊ ရေယာဉ်အတွက် ရေနံတင်ဆောင်ရန် သင့်လျော်ကြောင်း သက်သေခံလက်မှတ်၊ ပြည်တွင်း ရေကြောင်းသွား ရေယာဉ်များနှင့် ကမ်းရိုးတန်းအနီိးသွား ရေယာဉ်များအတွက် စစ်ဆေးပြီးကြောင်း သက်သေခံလက်မှတ်၊ လုပ်ငန်းလိုင်စင်၊ စက်မဲ့ဆီတွဲအတွက် ရေနံတင်ဆောင်ရန် သင့်လျော်ကြောင်း သက်သေခံ လက်မှတ်၊ သယ်ယူဖြန့်ဖြူးရောင်းချမည့် ဒေသ၊ စက်သုံးဆီရရှိနိုင်သည့် ကုမ္ပဏီ အဖွဲ့အစည်း၏ထောက်ခံချက် စာချုပ်စာတမ်း အထောက်အထား စသည်တို့နှင့်လည်း ပူးတွဲတင်ပြရမည် ဖြစ်သည်။
“ဒီလုပ်ငန်းကို လုပ်ကိုင်ချင်တဲ့သူ အနေနဲ့ အရင်က နားလည်မှုတွေနဲ့ လုပ်စားခဲ့ကြပြီးပါပြီ။ တရားဝင် လိုင်စင်ချထားပေးမှုရဲ့ နောက်မှာ ထပ်ချပ်မကွာ စစ်ဆေးမှုတွေ၊ စစ်ဆေးဖို့အတွက် တိုင်းဒေသကြီးတွေမှာ အဖွဲ့တွေဖွဲ့ ဖို့စီစဉ်နေပြီလို့လည်း ကြားပါတယ်” ဟု စွမ်းအင် ဝန်ကြီးဌာနမှ အငြိမ်းစားအရာထမ်း ဦးတင်လှ က ပြောဆိုသည်။
Mizzima - News in Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
100 PLUS CUP သဲသောင်ပြင်ဘောလဘောလုံးပြိုင်ပွဲ
သဲသောင်ပြင်ဘောလုံးပြိုင်ပွဲတွင် အက်တာစတားအသင်းနှင့် royal land အသင်းတို့ ဇန်န၀ါရီ ၂၃ရက် ညနေ ၄နာရီက ယှဥင်္ပြိုင်ခဲ့ အက်တာစတားအသင်း ၆ဂိုး၎ဂိုးဖြင့် ရှုံးနိမ့်ပြီ ၀င်း၊ထွန်းထွန်း၊ဖိုးချစ်၊မိုးယံဇွန် ၊မင်းသွေး၊ဇာနည် ၊သူထူးစံ တို့ပါဝင်ကစားခဲ့သည်။သတင်းဓါတ်ပုံ-သီဟ
Popular Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
နာမည်ကျော် များ၏ ဖုန်းနံပါတ်များ
• ရေဗက္ကာဝင်း -095149662
• Lဆိုင်းဇီ -095191251
မိုးယုစံ -095193620
• ရေဗက္ကာဝင်း -095149662• Lဆိုင်းဇီ -095191251• ရေဗက္ကာဝင်း -095149662
• Lဆိုင်းဇီ -095191251
• ဆုန်သင်းပါရ် -095150990
• မိုးအောင်ရင် -095012600
• န၀ရတ် -095010034
• သက်မွန်မြင့် - 095022559
• အူဝဲ -095163082,548612
• မိုးဟေကို- 095109343
• လင်းလက်ဟိန်း -099927380
• အစ္စဏီ -584501
• စိုင်းစိုင်းခမ်းလှိုင် - 095016053
• ရဲလေး- 095111281
• ထွန်းထွန်း - 095136585
• နိင်းနိင်း - 573737
• ချစ်သုဝေ- 386732
• Lလွန်းဝါ-095138878
• ရတနာမိုင်- 554259
• ဖြူဖြူကျော်သိန်း -098022834
• နန္ဒစိုင်း 505403
• အေးမြတ်သူ -095148563• ကျော်နိုင်ကြီး (Myanmar Express) - 0973215574• တိုးနန္ဒ (Myanmar Express) - 0973250713
• မဇင် (Myanmar Express) - 0949270937
Myanmar Express
Let's Talk about Love
အချစ်အကြောင်း ပြောကြည့်ခြင်း
အောင်ဒင်
ညီလေးရေ
တစ်ယောက်ယောက်ကို မင်း ချစ်မိတဲ့အခါ
ဘဝဟာ အခုမှပဲ အဓိပ္ပာယ်ပြည့်စုံလာသလို
ပါတ်ဝန်းကျင်ဟာ အခုမှပဲ လှပလာသလို
ရှူရှိုက်နေကျ လေဟာ အခုမှပဲ ပိုပြီး လတ်ဆတ်လာသလို
နေ့တွေ ညတွေဟာ အရင်ကထက် တိုတောင်းပြီး ကုန်ဆုံးမြန်သလို
မင်း ခံစားရမှာပေါ့၊
မနက်ခင်းမှာ
ပွင့်တဲ့ စပယ်ပန်းတွေ
သူဆင်မြန်းဖို့ မင်းသီကုန်းပေးချင်လိမ့်မယ်
ခြောက်သွေ့တဲ့ နွေရဲ့ အပူညတွေမှာ
မင်းသူ့ကို အေးမြစေချင်လိမ့်မယ်
နှင်းဖုံးလွှမ်းတဲ့ တောင်တန်းကြီးပေါ်ကနေ
သူ့အမည်ကိုခေါ်ရင်း မင်းလွမ်းဆွတ်နေလိမ့်မယ်
သူ့အနားမှာ အတူတကွရှိနေနိုင်ဖို့
မင်းဆန္ဒပြု ဆုတောင်း မိလိမ့်မယ်၊

ကိုယ်က
ချစ်ရရုံသက်သက်နဲ့တော့
အချစ်ဆိုတာ မပြည့်စုံဘူးပေါ့ကွယ်
တောင်ပေါ်က အော်ဟစ်လိုက်တဲ့ အသံလို
ကိုယ့်စီကို ပဲ့တင်ပြန်လာစေချင်လိမ့်မယ်၊
အချစ်ဆိုတာ မပြည့်စုံဘူးပေါ့ကွယ်
တောင်ပေါ်က အော်ဟစ်လိုက်တဲ့ အသံလို
ကိုယ့်စီကို ပဲ့တင်ပြန်လာစေချင်လိမ့်မယ်၊
ကိုယ်ချစ်တာကို
သူမသိတဲ့အခါ
ကိုယ်ချစ်ရသလို သူက ကိုယ့်ကို ပြန်မချစ်တဲ့အခါ
သူ့ရဲ့ ဥပေက္ခာပြုမှုနဲ့ ရင်ဆိုင်ရတဲ့အခါ
မင်းနာကျင်ကြေကွဲရမှာပေါ့၊
ကိုယ်ချစ်ရသလို သူက ကိုယ့်ကို ပြန်မချစ်တဲ့အခါ
သူ့ရဲ့ ဥပေက္ခာပြုမှုနဲ့ ရင်ဆိုင်ရတဲ့အခါ
မင်းနာကျင်ကြေကွဲရမှာပေါ့၊
အချစ်ဆိုတာ
ဘုရားသခင်က မစားဖို့ တားမြစ်ထားတဲ့ ပန်းသီး
ကိုယ်နဲ့ ကိုယ့်နံရိုးကဖြစ်လာသူနဲ့ ဆက်ဆံရေး
ပန်းသီးဆိုတာလဲ အမြဲတမ်းမချိုနိုင်
ဆက်ဆံရေးဆိုတာလဲ အမြဲတမ်း အပြန်အလှန်မရှိနိုင်
မင်းကိုယ်ပိုင် အိပ်မက်တွေလဲ ပြိုကွဲသွားနိုင်တာပေါ့၊

ဘယ်လိုပဲ
ဖြစ်ဖြစ်
ဆက်ချစ်ပါ ညီလေးရယ်
အကြိမ်ကြိမ်အခါခါအရေးနိမ့်ခဲ့ဘူးတဲ့
လူတစ်ယောက်ရဲ့ စကားကို နားထောင်ပါ
သန့်ရှင်းတဲ့ ချစ်ခြင်းဟာ အပြစ်ကင်းပါတယ်၊
ဆက်ချစ်ပါ ညီလေးရယ်
အကြိမ်ကြိမ်အခါခါအရေးနိမ့်ခဲ့ဘူးတဲ့
လူတစ်ယောက်ရဲ့ စကားကို နားထောင်ပါ
သန့်ရှင်းတဲ့ ချစ်ခြင်းဟာ အပြစ်ကင်းပါတယ်၊
ချစ်တယ်ဆိုတာ
လူတစ်ယောက်ရဲ့ မွေးရာပါလူ့အခွင့်အရေး
"လွတ်လပ်စွာ ချစ်မြတ်နိုးခွင့်" ဆိုပြီး
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌန်း အာမခံချက်ပေးရမဲ့ အရာ
နွေးနွေးထွေးထွေး ဆက်ချစ်ပါ
ရဲရဲရင့်ရင့် မျှော်လင့်ပါ
တိုးတိုးတိတ်တိတ် ကြေကွဲပါ
ပျော်ရွှင်ခြင်းနဲ့ နာကျင်ခြင်းဆိုတာ
ချစ်ခြင်းမေတ္တာရဲ့ မျက်နှာနှစ်ဖက်ပေါ့။

Tuesday, January 22, 2013
၈၈မျိုးဆက်ကျောင်းသားများ ဖိလစ်ပိုင်ခရီးစဉ် သတင်းစာရှင်းလင်း
Published On: Tue, Jan 22nd, 2013
ဓါတ်ပုံသတင်း | By Admin
၈၈မျိုးဆက်ကျောင်းသားများ ဖိလစ်ပိုင်ခရီးစဉ် သတင်းစာရှင်းလင်း

၈၈ မျိုးဆက်ကျောင်းသား ၁၆ ဦး ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ ဒီကနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
Sunday, January 20, 2013
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များ ပထမဆုံးအကြိမ်တွေ့ဆုံ
ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup on 20 Jan, 2013
၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံ အတွင်းရှိ
လူမှုရေးအသင်းများမှ တင်ပြဆွေးနွေးသော အခက်အခဲပြဿနာများကို နားထောင်ကာ
တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup on 20 Jan, 2013
၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံ အတွင်းရှိ လူမှုရေးအသင်းများမှ တင်ပြဆွေးနွေးသော အခက်အခဲပြဿနာများကို နားထောင်ကာ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Thursday, January 17, 2013
ကသာမြို့ နယ်မှာ တပ်မတော် စစ်ကြောင်းနှင့် K.I.A တို့ တိုက်ပွဲဖြစ်ပွား အရပ်သား နှစ်ဦး ဒဏ်ရာရ
Home › မြန်မာ့သတင်း » ကသာမြို့ နယ်မှာ တပ်မတော် စစ်ကြောင်းနှင့် K.I.A တို့ တိုက်ပွဲဖြစ်ပွား အရပ်သား နှစ်ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာမြို့နယ်၊ မိုးတား ကျေးရွာ အနောက် မြောက်ဖက်၊ ဟဲနား ကျေးရွာအုပ်စုဝင်" ကျွန်းပင်”ရွာ အနီးတွင် ယနေ့(ဇန်န၀ါရီလ ၁၇ ရက်နေ့) နေ့လည် မွန်းလွဲပိုင်းအချိန်က တပ်မတော် စစ်ကြောင်းနှင့် K.I.A တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မကြာမှီ K.I.Aတပ်မှ ဆုတ်ခွာ သွားကြောင်း သိရသည်။ငှက်ပျောသီးခွံဖြင့် သွားကို ဖြူစေ
ငှက်ပျောသီးခွံဖြင့် သွားကို ဖြူစေ
အလွယ်ကူဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ တကယ်လည်း ငှက်ပျော်သီးခွံနဲ့ သွားကို ဖြူစေပါတယ်။
လုပ်ပုံလုပ်နည်း ငှက်ပျောသီးရဲ့  အတွင်းခံနဲ့ သွားကို ပွတ်လိမ်းပေး ရမှာ ဖြစ်ပြီး ၂ မိနစ်အတွင်းကို ယခင်က ဝါနေတာတွေ၊ မဲနေတာတွေ သိသိသာသာ လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့ ငှက်ပျောသီးမှာပါတဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ မန်းဂနစ်စ် ဓာတ်များက သွားမှာ ကပ်နေတဲ့ အညစ်အကြေး၊ ဂျိုးများကို ကွာစေပြီး ဖြူဝင်းစေ လို့ ဖြစ်ပါတယ်။
ဒါကြောင့် ငှက်ပျောသီးခွံဟာလည်း အလွယ်ကူဆုံးနဲ့ သဘာဝအကျဆုံး သွားဖြူဆေး တစ်ခုဖြစ်တဲ့အတွက် ဗဟုသုတအနေနဲ့ မျှဝေပေးလိုက် ရပါတယ်။
--
Ref: medic-facts
ရိုးရာလေး ကျန်းမာရေး
http://www.yoyarlay.com/health/beauty/33901-how-to-whiten-teeth-with-bananna
အေးချမ်းမွန်မှ သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

နေခြည်နုနုခံယူခြင်း၏ ကျန်းမာရေး စွမ်းပကား
နေခြည်နုနုခံယူခြင်း၏ ကျန်းမာရေး စွမ်းပကား
18 JANUARY 2013
နံနက်စောစောမှာ နေခြည်နုနု ခံယူတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
ဗီတာမင်ဒီ ရရှိခြင်း
နံနက်ခင်းနေခြည်နုနုကို ၁၅ မိနစ်ခန့် ခံယူတာကြောင့် သင့်အတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်ဒီကို အလုံအလောက် ရရှိစေပါတယ်။
ဗောက်ပျောက်စေခြင်း
နေခြည်နုနုကို အနည်းငယ်ခံယူတာကြောင့် သင့်ဦးခေါင်းမှာ ဗောက်ထတဲ့ ဝေဒနာကို သက်သာစေပါတယ်။ နေရောင်ခြည်မှာ ဗောက်ပျောက်စေတဲ့ အစွမ်းရှိလို့ပါ။
စွမ်းအင်တိုးစေခြင်း
နေခြည်နုနုကို အချိန် ၁၀ မိနစ်ခန့် ခံယူတာကြောင့် တစ်နေ့လုံး စွမ်းအင်အဆင့်တိုးပြီး လန်းဆန်းစေပါတယ်။
ကူးစက်ပိုးများကို ကာကွယ်နိုင်ခြင်း
နေခြည်နုနုကို ခံယူတာကြောင့် ဘက်တီးရီးယား၊ မှိုပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရမှု မရှိအောင် ကာကွယ်နိုင်ပါတယ်။ နေခြည်နုနုခံယူတာရဲ့ ကျန်းမာရေး အကျိုးကျေးဇူးမှာ သွေးဖြူဥ အရေအတွက် တိုးစေပြီး ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေတာကြောင့် ဗိုင်းရပ်စ်နဲ့ ပိုးမွှားတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါ့အပြင် အောက်ဆီဂျင်ကို သယ်ဆောင်ပေးမယ့် သွေးနီဥအရည် အသွေးကိုလည်း ကောင်းမွန်စေပါတယ်။
အရေပြားရောဂါဝေဒနာများကို လျော့ကျစေခြင်း
နေခြည်နုနုဟာ အရေပြားရဲ့ ခုခံနိုင်စွမ်းကို တိုးစေတာကြောင့် နှင်းခူ၊ ဆိုရီးယေးစစ်နဲ့ အဖုအပိမ့်ပြဿနာတွေကို လျော့ ကျစေပါတယ်။ အကြောင်း ကတော့ နေခြည်နုနုခံယူတာကြောင့် ပိုင်နီရယ်ဂလင်းကို လှုံ့ဆော်ပေးနိုင်ပြီး ထရိုင်တမင်းဓာတ်ကို ထုတ်လုပ်ပေးနိုင်လို့ပါ။
သွေးတိုးကျပြီး နှလုံးကျန်းမာခြင်း
လေ့လာမှုတွေအရ နံနက်ခင်း နေခြည်နုနု ဖြာထွက်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက သွေးခုန်နှုန်းနဲ့ သွေးတိုးတာကို လျော့ကျစေကာ နှလုံးကို ကျန်းမာစေကြောင်း သိရပါတယ်။
ကြယ်စင်
GOOD HEALTH တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ဗိုလ်ချုပ်အောင်ဆန်း
မြန်မာတွေစိတ်ထဲမှာ မြန်မာတွေဟာစိတ်ဓါတ်ထက်တယ်
ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတာနဲ့ အတူတူဘဲ
ဒီစကားဟာ ဒီနေရာမှာသုံးဘို့ဟာတွေဘဲ
မြန်မာစိတ်ဓါတ်က မဟုတ်တဲ့နေရာမှာသွားပြီးကောင်းနေတယ်
တကယ့်နေရာ ကြတော့အသုံးမကျဘူး
မြန်မာ မြန်မာချင်းချဘို့ မှာလုပ်ချင်တယ် ၊ အဲဒါမျိုးတွေလုပ်ချင်တယ်
ဒါမျိုးလုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး
ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည်မထူထောင်နိင်ဘူး
ဒီတိုင်းပြည်ဘယ်တော့မှ မလွတ်လပ်နိင်ဘူး
လွတ်လပ်ရင်လည်း ဘယ်တော့မှ ကျကျနနမလွတ်လပ်နိင်ဘူး
************************************************

၈၈မျိုးဆက်ကျောင်းသားများနှင့် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ သြစတြေးလျ သံတမန်များ တွေ့ဆုံ
ဖိလစ်ပိုင်နိုင်ငံ၊ ကိုတာဘာတိုမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ( ဇန်န၀ါရီလ၊ ၁၇ ရက် ) ညနေ ၂း ၅၀
နာရီတွင် မနီလာမြို့သို့ လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြပြီးနောက် ညနေ
၎း ၀၀ နာရီအချိန်တွင် မနီလာမြို့၊ RCBC plaza ရှိ
ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးသို့ ရောက်ရှိခဲ့ကြပြီး Minister
& Deputy Head of Mission , Andrew Byrne အပါအ၀င်
သံတမန်အရာရှိများနှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံကြရာတွင် သြစတြေးလျ
သံတမန်တို့က ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြသောဖြစ်စဉ်တိုင်းကို
စိတ်ဝင်စားပါကြောင်း၊ ယခု ၈၈မျိုးဆက်ကျောင်းသားများ လာရောက်လေ့လာသော
ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးကြိုးပမ်းမှုများမှလည်း မြန်မာနိုင်ငံအတွက်
အကျိုးတစ်စုံတစ်ရာ ရရှိလာစေနိုင်မည်ဟု မျှော်လင့်ပါကြောင်းတို့ကို
ပြောကြားခဲ့သည်။ ၎င်းနောက် ငြိမ်းချမ်းရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ
အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ညနေ ၅း ၀၀ နာရီတွင် တွေ့ဆုံဆွေးနွေးပွဲကို
ရုပ်သိမ်းခဲ့ကြသည်။
ယနေ့ည ၇း ၀၀ နာရီတွင် ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသား ပညာတော်သင်ကျောင်းသားများ နှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံညစာစားပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။
၈၈မျိုးဆက်ကျောင်းသားများသည် မနက်ဖြန် နံနက် ၈း ၃၀ နာရီတွင် ဖိလစ်ပိုင်နိုင်ငံမှ ပြန်လည်ထွက်ခွာလာကြမည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ ည ၁၀း ၃၀ ခန့်တွင် ပြန်လည်ရောက်ရှိကြမည် ဖြစ်သည်။
88 Generation Students တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ဂျပန်နိုင်ငံသား Mr.HASEGAWA WATARU ပျောက်ဆုံးမှု
ဇန်န၀ါရီ ၁၇ ၁၄-၁-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန်တွင် ဗဟန်းမြို့နယ် Golden Hill Tower အခန်းအမှတ်(၆၀၃)တွင် တည်းခိုနေထိုင်သူ JFE ကုမ္ပဏီလက်ထောက်မန်နေဂျာ၊ ဂျပန်လူမျိုး Mr.HASEGAWA WATARU (၂၉)နှစ်သည် အပြင်သို့ထွက်သွားရာမှ ပြန်မလာဘဲ ပျောက်ဆုံးနေ၍
သတိပြုရမည့် (venereal disease )ကာလသားရောဂါ ...........
သတိပြုရမည့် (venereal disease )ကာလသားရောဂါ ...........
လိင်မှုဆိုင်ရာကိစ္စများတွင် စောင့်စည်းထိန်းသိမ်းမှု နည်းပါးသူများအတွက် လိင်မှုဆိုင်ရာ ကူးစက်ရောဂါများ
လိင်မှုဆိုင်ရာကိစ္စများတွင် စောင့်စည်းထိန်းသိမ်းမှု နည်းပါးသူများအတွက် လိင်မှုဆိုင်ရာ ကူးစက်ရောဂါများ
ကချင်စစ်ပွဲ အပစ်ရပ်ကြရန် တရုတ် တောင်းဆို၊ တရုတ်ဘက် ဗုံး လေးလုံးကျခဲ့
မဇ္ဈိမသတင်းဌာန
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ ရပ်ဆိုင်းကြရန်အတွက် မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့အား တရုတ်အစိုးရက တောင်းဆိုလိုက်သည်။
Splitfire တိုက်လေယာဉ်များ ရှာဖွေတူးဖော်မှု
ဒုတိယကမ္ဘာစစ်ကာလအတွင်းက မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သော Splitfire
တိုက်လေယာဉ်များ ရှာဖွေမှုကို ဗြိတိန်က ပြုလုပ်နေပြီဖြစ်သည်။
သတ္တုဗေဒလေ့လာဆန်းမှုနှင့် စာရင်းဇယားများအရ ဒုတိယကမ္ဘာစစ်အတွင်းက အသုံးမပြုရသေးသော
ဗြိတိန်လေတပ်၏ Splitfire တိုက်လေယာဉ် အစင်း ၃၀ ကျော်ကို
ရန်ကန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နေရာတွင် မြှုပ်နှံထားခဲ့ကြောင်း သိရှိရသည်။
မေတ္တာ....
ခြောက်သွေ့သောနွေရာသီမှာ စိမ့်ထွက်လာတဲ့ စမ်းချောင်းလေးလို အေးမြ ချိုစိမ့်လှပါတယ်....
ဥစ္စာပေါကြွယ်ဝသော်လည်း မေတ္တာမရှိခြင်းကြောင့် ငြင်းခုန်လိမ့်ရှိတဲ့အရပ်မှာ နေရခြင်းထက်... ရေတစ်စက်အား ရက်ရောစွာ မျှဝေသောက်ရသော အရပ်မှာ နေရခြင်းအား ပိုနှစ်သက်၏..
ပန်ပေးဆွဲ အယ်ဂျီးရီယားစစ်သွေးကြွစခန်းကို စီးနင်း
17.01.2013
Algeria နိုင်ငံမှာ နိုင်ငံခြားသား ၄၁ ယောက်ကို အစ္စလာမ် စစ်သွေးကြွတွေ
ပြန်ပေးဆွဲ ဖမ်းထားတဲ့ သဘာဝဓါတ်ငွေ့စက်ရုံဝန်းအပေါ် စစ်ဆင်မှု
အဆုံးသတ်သွားပြီလို့ အစိုးရပိုင် သတင်းအေဂျင်စီက ပြောပါတယ်၊ ဒါပေမဲ့
ပြန်ပေးဆွဲခံထားရသူတွေနဲ့ ပါတ်သက်တဲ့ သတင်း အတိအကျကတော့ ခိုင်ခိုင်မာမာ
မရသေးဘူးဖြစ်နေပါတယ်။

အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန် နိုင်ငံ အပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် အခြား (၈) နိုင်ငံပါဝင်သည့် အကြမ်းဖက် နှိမ်နင်းမှု ပူးတွဲ လေ့ကျင့်ခန်း ပြုလုပ်မည်
တရုတ်၊ အမေရိကန်၊ ရုရှားနှင့် ဂျပန်နိုင်ငံ အပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် အခြား နိုင်ငံ ၈ နိုင်ငံ တို့သည် လာမည့် စက်တင်ဘာလတွင် အင်ဒိုနီးရှား နိုင်ငံ အနောက် ဂျာဗား၌ အကြမ်းဖက် နှိမ်နင်းမှု ပူးတွဲ လေ့ကျင့်ခန်း တစ်ခုအား ပြုလုပ်မည် ဖြစ်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီး Purnomo Yusgiantoro က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။
Wednesday, January 16, 2013
၂၀၁၂ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း အရွယ်မရောက် အမျိုးသမီးငယ်များ အပါအ၀င် အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ် ၃၀၀ ကျော် ဖြစ်ပွားခဲ့

တိုင်းဒေသကြီး၌ အရွယ်မရောက် အမျိုး
သမီးငယ်များ အပါအ၀င်အဓမ္မပြုကျင့်ခံ
ရသည့် ဖြစ်စဉ်၃၀၀ ကျော်
ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အများစုမှာ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်အတွင်း ဖြစ်
ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အမျိုးသမီးငယ်များ အဓမ္မပြုကျင့်ခံရခြင်း၏ အဓိကအကြောင်းရင်းမှာ ယုံကြည်မှုလွန်ကဲခြင်း၊ အိမ်နီးနားချင်း စောင့်ရှောက်မှု အားနည်းခြင်း၊ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် သားသမီးများကို စောင့်ရှောက်နိုင်မှု အားနည်းခြင်း၊
ခေတ်ရှေ့ရောက် ၀တ်စားဆင်ယင်မှု ဒီဇိုင်းများ ၀တ်ဆင်ခြင်း၊ ကာမစိတ်ကို ပြောင်းလဲနိုင်သည့် အစားအသောက်များ ဈေးကွက်၌ရှိနေခြင်းနှင့် ညစ်ညမ်းဗွီဒီယိုအခွေများ ရောင်းချနေခြင်းတို့ကြောင့် ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး သက်လွင်က ပြောသည်။
'' တစ်နှစ်လုံး အတိုင်းအတာအရ အဓမ္မပြုကျင့်ခံရမှု ၃၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့နှုန်းနဲ့ ဒီနှစ်ဖြစ်ပွားနှုန်း ကွာဟမှု သိပ်မရှိပါဘူး။
ရန်ကုန်မှာရှိတဲ့ လူဦးရေ ခြောက်သန်းကျော်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်က မများဘူးလို့ ဆိုနိုင်ပေမဲ့ ဒီထက်လျော့ကျသွားအောင် စီမံချက်တွေ ရေးဆွဲပြီးတော့ ဆောင်ရွက်သွားမယ်။
ဖြစ်စဉ်အများစုက လူဦး ရေထူထပ်တဲ့ မြို့နယ်တွေ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အများဆုံးဖြစ်ပွားခဲ့ပါတယ်'' ဟု ၎င်းက ပြောသည်။
ထို့ပြင် ယခုကဲ့သို့ အဓမ္မပြုကျင့်ခံရသော ဖြစ်စဉ်များ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းများအနက် အဓိကအချက်မှာ ယုံကြည်မှုလွန်ကဲ ခြင်းနှင့် စားဝတ်နေရေး ကျပ်တည်းမှုများကြောင့် ဖြစ်ကြောင်း၊
ဥပမာ တချို့မိသားစုများသော အိမ်က ခြောက်ပေ အကျယ်လောက်သာရှိရာ ထိုအခန်းကျဉ်းလေးထဲတွင် မိဘများနှင့်အတူ အရွယ်ရောက်သူ သားသမီးများပါ အတူအိပ်ကြရသည့် မိသားစုများ ရှိကြောင်း၊
ထို့ပြင် အရွယ်မရောက်သေးသူ သားသမီးများကို မိဘများက ထိန်းသိမ်းစောင့်ရှောက်ခြင်းထက် မိသားစု စားဝတ်နေရေးကိစ္စကို ဖြေရှင်းဖို့ အလုပ်ကို ဦးစားပေးနေရသော မိသားစု အများအပြားရှိကြောင်း၊
ယခုကဲ့သို့ ဖြစ်စဉ်များသည် စီးပွားရေး မပြေလည်မှုအပေါ်များစွာ အခြေခံကြောင်း အဆိုပါတာဝန်ရှိသူက ရှင်းပြသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ်များတွင်ကျူးလွန်ခံရသူများမှာ ၁၀ နှစ်အောက်၊ ၁၀ နှစ်မှ ၁၃ နှစ် အတွင်း၊ ၁၄ နှစ်မှ ၁၅ နှစ် အတွင်းနှင့် ၁၆ နှစ်မှ ၅၀ နှစ်အတွင်းတို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရသည့်ဖြစ်စဉ် တစ်ခုအနေနှင့် ၂၀၁၂ ခုနှစ် ဧပြီ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန် မြောက်ဥက္ကလာပမြို့နယ်တွင် မ.....(၉)နှစ်သည် အဘွားဖြစ်သူနှင့်အတူ လက်ဖက်ရည်ဆိုင်တွင် ဗီဒီယိုကြည့်နေစဉ် ဦး....(၂၈)နှစ်သည် လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိလာပြီး မုန့်ဖိုးပေးမည်ဟု ပြောဆိုကာ (က) ရပ်ကွက်ရှိ ဦးချစ်စိန်လမ်းကြားထဲသို့ ခေါ်သွားကာ အဓမ္မပြုကျင့်ခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်း၏ စစ်ဆေးချက်အရ သိရသည်။
Eleven Media Group
အိန္ဒိယ ဟိန္ဒူနှင့် မွတ်ဆလင် အဓိဂရုဏ်း လူ ၄ ဦး သေဆုံး

၌ ဖြစ်ပွားခဲ့သော ဟိန္ဒူနှင့် မွတ်ဆလင်
ဘာသာဝင်များ အကြား အဓိဂရုဏ်းတွင်
လူ (၄) ဦးသေဆုံးပြီး ၁၇၅ ဦး ဒဏ်ရာ ရရှိခဲ့
သည်ဟု သိရသည်။
စားသောက်ဆိုင် တစ်ခုတွင် မပေးချေရသော ဘီလ် တစ်ခုနှင့် ပတ်သက်ပြီး အငြင်းပွားရာမှ ရန်ပွဲမှာ ကျယ်ပြန့်သွားပြီး ဘာသာရေး ပဋိပက္ခ အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်ဟု ဆိုသည်။
အခင်း ဖြစ်ပွားခဲ့သော နေရာမှာ မဟာရာချတြာ (Maharashtra) ပြည်နယ်ရှိ Dhul တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာ ရသူ ၁၇၅ ဦးထဲတွင် ၁၁၃ ဦးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြပြီး သေဆုံးသူ ၄ ဦးမှာ ရဲတပ်ဖွဲ့၏ ပစ်ခတ်စဉ် ကျည်ဆံ ထိမှန် သေဆုံးသွားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မင်းကြီး Deven Bharti ကို ကိုးကားပြီး သတင်းတွင် ဖေါ်ပြသည်။
အခုအခါ အဆိုပါ ဒေသတွင် သက်ဆိုင်ရာမှ အခြေအနေကို ထိန်းသိမ်းနိုင်ရန် အတွက် တနင်္လာနေ့ (ဒီဇင်္ဘာ ၇ ရက်နေ့) မှ စပြီး ကာဗျူး ထုတ်လိုက်သည်ဟု ဆိုသည်။
နိရဉ္စရာ
MI-35 ရဟက်ယာဉ်အား ပစ်ချခဲ့သည့် KIA ရဲဘော် ဘားအောင် အား ဂုဏ်ပြုပွဲကျင်းပ
8:00 Myanmar Express Group 8 comments
လိုင်ဇာဌာနချုပ် တွင် MI-35 ရဟတ်ယာဉ် ပစ်ချလိုက်နိုင်သည်ဆိုသော ကေအိုင်အေ
မျိုးချစ်ရဲဘော် ဘားအောင် ( Ba Awng ) ကို ဂုဏ်ပြုပွဲလေး လုပ်နေကြောင်း
သတင်းရရှိသည်။
www.MyanmarExpress.net
ဘားအောင်မှ ရဟက်ယာဉ်အား ပစ်ချနေစဉ်
မြန်မာစစ်တပ်မှ လေယာဉ်၊ ရဟက်ယာဉ်များ၊ အမြှောက်များဖြင့် ပစ်သော်လည်း KIA
ဖက်မှ ကျဆုံးလေ့မရှိပဲ မြန်မာ စစ်သား ၃၀၀ ၊ ၄၀၀ ကျဆုံးအောင်
တိုက်ခိုက်နိုင်လေ့ရှိသော စူပါမန်း အစွမ်းရှိကာ၊ စွမ်းအားပြင်းသည့်
လက်နက်ဆန်းများ ကိုင်ဆောင်ထားသည့် KIA စစ်သားများ
မြန်မာစစ်တပ်မှ တပ်ရင်းမှုး၊ ဗျူဟာမှူး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး များကို သတ်ဖြတ်ခဲ့သည်ဆိုသော
KIA ရဲဘော် နှင့် ၎င်း ၏ လက်နက်ဆန်း
အတင်းအဓမ္မ လူသစ်စုကြောင်း တိုင်းကြားမှုတွေ ဘယ်လောက်ရှိရှိ
ကချင်ပြည်နယ်တစ်ခုလုံး KIA ကို ထောက်ခံကြောင်း ဖင်ပိတ်ငြင်းနေသည့် KIA စစ်သည်များ
www.MyanmarExpress.net
နမ်း ရမည့် ဇတ်ဝင်ခန်း ကို မရိုက်နိုင်၍ နှုတ်ထွက် သွားသော သက်မွန်မြင့် နေရာတွင် အနမ်း ခံလိုသော မြန်မာ sexy မင်းသမီး ဖွေးဖွေး သရုပ်ဆောင်မည်
မင်္ဂလာဦးညမှာ နှစ်ယောက်သား ကုတင်ပေါ်မှာ အကျီချွတ်နှင့် စောင်ခြုံထားချိန် ကောင်လေးကို နမ်းပြီး မုန်းတဲ့ စကားပြောတာကို ရိုမန်တစ် ဖြစ်အောင် ရိုက်ပြ မယ်လို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။
အဲဒီနောက်မှာ မင်းသမီးသက်မွန်မြင့် မှ
ပါးနမ်းတဲ့ အခန်းထိ ရိုက်ပေးမယ်။ ကျန်တဲ့ နှုတ်ခမ်းချင်း နမ်းပြီး လျှာသပ်တာ၊ ကောင်လေး
အကျီင်္ကို ဆွဲဖြဲပြီး နှလုံးသားနေရာကို နမ်းတာ၊ အဲဒါတွေတော့ သက်မွန် မလုပ်နိုင်ဘူးလို့
ပြောခဲ့တဲ့ အကြောင်း ဂျာနယ်များမှ ဖော်ပြခဲ့ပါတယ်။
KIA သူပုန်တွေ ကျောင်းသူတစ်ဦးအား လူမဆန်စွာ အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့
http://www.mgkyautkhae.com/2013/01/kia_7322.html
www.MyanmarExpress.net
ဇန်နဝါရီလ၇ရက် နေ့ က နန့်ဆန်းယန် ဘုရားကျောင်းတွင်စစ်ဘေးရှောင်နေသော
ကျောင်းသူတစ်ဦးအား KIAမှလူမဆန်စွာအုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့ကြောင်းနန်
့ဆန်ယန်ကျေးရွာမှပြည်သူ့ စစ်ခေါင်းဆောင်ဦးဂွမ်ရှောင်
ကပြောကြားသည်။အဆိုပါမိန်းကလေးမှာနန့်လတ်ချောင်းတွင်ဘုရားကျောင်းမှအဝတ်များကိုလျှော်ဖွတ်ရန်
သွားရောက်စဉ်KIAအဖွဲ့ မှအခုလိုအုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့ကြောင်းသိရှိရသည်။
မ....မှ"သမီးကအဝတ်သွားလျှော်တာ..ချောင်းရောက်ခါနီးလမ်းမှာသူတို့ နဲ့ တွေ့ တာ...သမီးလည်းကြောက်တာနဲ့ 
ထွက်ပြေးတာမရဘူး........သူတို့ က ၅ယောက်တောင်
ဝိုင်းဖမ်းပြီးချောင်းစပ်ကိုခေါ်ပြီး ဟိုလို လုပ်ကြတာ... သမီးအော်လို
့မရအောင်ပါးစပ်ကိုအုပ်ပြီးလက်တွေကိုလည်းဖိထားတော့ဘာမှလုပ်လို့ မရဘူး...
သူတို့ တစ်ယောက်ကိုတစ်ခါလုပ်တယ်..နောက်ဆုံးလုပ်တဲ့သူကနှစ်ခါလုပ်တယ်..
.ပထမတစ်ခါကပုံမှန်လုပ်တာ..နောက်တစ်ခါကမစင်ပေါက်ကိုလုပ်တာ"ဟုပြောသည်။
မ...မှာဘုရားကျောင်းသို့ ပြန်မလာသောကြောင့်ကျေးရွာသို့ သတင်းပို့ ခဲ့ရာကျေးရွာပြည်သူ့စစ်အဖွဲ့မှ
ချောင်းစပ်နားတွင်သွေးများဖြင့်မေ့နေသောမ...အားခေါ်ယူပြီးနီးစပ်ရာမြစ်ကြီးနားဆေးရုံသို
့ပို့ ပေးခဲ့ကြောင်းသိရှိရသည်။
မြောက်ဦးတွင် သေနတ်လုစဉ် ဓါးခုတ်ခံရသည့် စစ်သား သေဆုံးသွားပြီဟု သတင်းထွက်ပေါ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် သေနတ်လုစဉ် အတွင်း ဓါးခုတ်ခံရသည့် ဒုတပ်ကြပ် စိုးဝင်း စစ်တွေဆေးရုံတွင် သေဆုံးသွားပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။
“ ကျွန်တော်တို့ ကြားရသလောက် သူ့ကို မြောက်ဦးကနေ စစ်တွေကို ယူလာတယ်။ အခုတော့ သေသွားပြီလို့ သိရတယ်။ စစ်တွေမှာတော့ ဒီလို သတင်း ဖြစ်ပေါ်နေပါတယ်” ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
ဇန္န၀ါရီလ ၁၃ ရက်နေ့က မြောက်ဦးမြို့နယ် ပုရိန် ကျေးရွာတွင် မြောက်ဦး အခြေစိုက် ၃၇၇ တပ်ရင်းမှ တာဝန်ကျနေသော ဒုတပ်ကြပ် စိုးဝင်းထံမှ မွတ်ဆလင် တစ်စုက လက်နက် လုယူခဲ့ပြီး လက်နက် လုယူစဉ် အတွင်း အဆိုပါ စစ်သားကို ဓါးများဖြင့် တိုက်ခိုက်ခဲ့ သည်ဟု ဆိုသည်။
“ ကျွန်တော်ကြား သိသလောက်ကို ပြောရမယ်ဆိုရင် ဖြစ်တာက ဒီလ ၁၃ ရက် တနင်္ဂနွေနေ့မှာ ဖြစ်တာပါ။ ပုရိန်မှာ တာဝန်ကျနေတဲ့ ဒုတပ်ကြပ် စိုးဝင်းကို ပေါင်းဒုတ် ကျေးရွာက မွတ်ဆလင် တစ်စုက ဓါးတွေနဲ့ ၀င်ခုတ်ပြီးတော့ လက်နက်ကို လုယူသွားတယ်။ သူ့ကို မြောက်ဦးဆေးရုံကို ယူလာတော့ ကျွန်တော်တို့ သွားကြည့်တယ်။ ခွဲစိတ်ပြီးသွားပြီးစမို့ ခန္ဓာကိုယ် တစ်ခုလုံး အ၀တ်ဖြူ လွှမ်းခြုံထားတာကို တွေ့ရတယ်။ ဒါကြောင့် ဒဏ်ရာ ဘယ်နားမှာ ရတယ်ဆိုတာကို မမြင်ခဲ့ရပါ” ဟု ဆေးရုံကို ကိုယ်တိုင်သွားခဲ့ကြည့်ခဲ့သူ အဝေးသင် တက္ကသိုလ် ကျောင်းသား ကိုထွန်းလင်းက ပြောသည်။
နောက်တစ်နေ့ တနင်္လာနေ့တွင် စစ်သားအား တိုက်ခိုက်ရာတွင် ပါဝင်သူများဟု စွပ်စွဲခံရသူ မွတ်ဆလင် (၃) ဦးနှင့် လုယူသွားသော လက်နက်ကို ပြန်လည် ရရှိခဲ့သည်ဟု ဆိုသည်။
“ သူတို့ကို ဖမ်းခေါ်လာတာကို မြင်ရတယ်။ သေနတ်လည်း ပါလာတာကိုတွေ့ရတယ်။ အဖမ်းခံရတဲ့ မွတ်ဆလင် (၃) ဦးကတော့ မြောက်ဦး ရဲစခန်းမှာဘဲ ရှိနေသေးသလား၊ စစ်တွေကို ခေါ်သွားပြီလားဆိုတာကိုတော့ တိတိကျကျ ကျွန်တော် မပြောတတ်ဘူး။ ဓါးခုတ်ခံရတဲ့ ဒုတပ်ကြပ် စိုးဝင်းကတော့ စစ်တွေကို ချင်ချင်း ယူသွားပါတယ်။ အခု စစ်တွေမှာ ဆုံးသွားတယ်လို့ သတင်း ရပါတယ်” ဟု သူက ဆက်ပြောသည်။
ဒုတပ်ကြပ် စိုးဝင်း သေဆုံးသွားခြင်းမှာ ဟုတ်မှန်မူ ရှိ/ မရှိကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်အား အကြိမ်ကြိမ် ဖုံးဆက်သွယ်သော်လည်း အဆက်အသွယ် မရခဲ့ပါ။
သေဆုံးသွားပြီဟု သတင်းထွက်ပေါ်နေသူ ဒုတပ်ကြပ် စိုးဝင်းမှာ ရခိုင်လူမျိုးများဖြစ်ကြောင်း သိရသည်။
မြန်မာတပ်မတော်မှ စစ်သား တစ်ဦးဦးကို ရခိုင်အမျိုးသားများကသာ ယခုလို လက်တင်ပြီး သေနတ် လုမည်ဆိုပါ ရခိုင်ရွာကို မီးရှို့ပြီး လူအများအပြားကိုလည်း ပစ်သတ်နိုင်သည်ဟု ကိုထွန်းလင်းက ပြောကြားသည်။ ယခုအခါ စွပ်စွဲခံရသူ (၃) ဦးကို ဖမ်းဆီးပြီးနောက် အခြေအနေ တည်ငြိမ်သွားပြီဟု ဆိုသည်။
အေးချမ်းမွန်မှ သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ရှားခဲအင်း ပြဿနာ ဧရာဝတီတိုင်း လွှတ်တော် ကန့်ကွက်မည်
၁၆
လူ သေဆုံးမှု ဖြစ်ပွား ခဲ့သည့် ရှားခဲအင်း ပြဿနာ ကို ဧရာဝတီ တိုင်း ဒေသကြီး အစိုးရ အဖွဲ့က စုံစမ်း စစ်ဆေးရန် နိုင်ငံတော် သမ္မတ ရုံး၏ ညွှန်ကြားချက ကို ဧရာဝတီ တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များက ကန့်ကွက်ရန် ဇန်နဝါရီလ ၁၄ ရက်နေ့ လွှတ်တော် အစည်းအဝေး တွင် ဆုံးဖြတ် ခဲ့ကြောင်း ယင်း လွှတ်တော် အစည်းအဝေး ထံမှ စုံစမ်း သိရသည်။
အဆိုပါ ရှားခဲအင်း ပြဿနာ ကို စုံစမ်း စစ်ဆေးရန် လွှတ်တော် စုံစမ်း စစ်ဆေးရေး ကော်မတီ ဖွဲ့စည်း ထားသော်လည်း ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးက တိုင်းဒေသကြီး အစိုးရကို စစ်ဆေးရန် ညွှန်ကြားခြင်းသည် ဥပဒေ၊ နည်းဥပဒေ များကို ကျော်လွန် လုပ်ဆောင် သောကြောင့် နိုင်ငံတော် သမ္မတထံ ကန့်ကွက်သည့် သဝဏ်လွှာ ပေးပို့ သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များက ပြောကြား သည်။
"ဥပဒေနဲ့ မညီတဲ့ အမှားကြီး ကို လက်ခံ လိုက်ရင် ကျွန်တော်တို့ သမိုင်း တရားခံ ဖြစ်သွား လိမ့်မယ်" ဟု တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က ကန့်ကွက် ရခြင်းနှင့် ပတ်သက်၍ ရှင်းပြ သည်။
ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော် မြို့နယ် ရှားခဲအင်း လုပ်ပိုင်ခွင့် နှင့် ပတ်သက်၍ ဒေသခံ များနှင့် လုပ်ပိုင်ခွင့် ရ ဝိုင်းဝိုင်းလည် သမဝါယမ အသင်းတို့ ပဋိပက္ခများ ဖြစ်ပွား ခဲ့ပြီး ရဲတပ်ဖွဲ့ က နှိမ်နင်း ခဲ့သဖြင့် ဒေသခံ နှစ်ဦး သေနတ် ထိမှန် သေဆုံး ခဲ့သည်။
The Voice Weekly by achan mon

အံ့မခန်း ဖြစ်လာသော မြန်မာပြည်
အရင်ကဆို မြန်မာတွေဟာ ရပ်ကွက်ကြို ရပ်ကွက်ကြား၊ ဘတ်စ်ကားပေါ်နဲ့ ငါးစိမ်းတန်းလို နေရာတွေမှာပဲ အော်ဟစ်ဆဲဆို ရန်ဖြစ်ကြပေမယ့် အခုဆိုရင် အဆင့်မြင့်မြင့် အင်တာနက်ပေါ်ကနေ ဆဲကြ၊ ရန်ဖြစ်ကြတာကို ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့နေရပါပြီ။
ဒုက္ခသည်များ ကူညီရေး ကုလ အထူးကိုယ်စားလှယ်နှင့် ဒု သမ္မတ ဆွေးနွေး
ရေရှည်လိုအပ်ချက်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အကူအညီပေးမှု၊ နိုင်ငံသားဖြစ်မှု စိစစ်ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။ လင်းသန့်

ဒဂုံဆိပ်ကမ်း အိမ်ယာစီမံကိန်းမြေတွင် လတ်တလော ကျူးကျော်မှုများနှင့် မြေရောင်းချမှုများ ရှိနေ
အိုဘားမားအား သမ္မတရာထူး အပ်နှင်းခြင်း အခမ်းအနား
အမေရိကန် သမ္မတဘားရက် အိုဘားမားအား ၎င်း၏ ဒုတိယအကြိမ် သမ္မတသက်တမ်းရာထူး အပ်နှင်းပွဲအခမ်းအနားကို ဝါရှင်တန်မြို့၌ ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပသွားမည်
ဖြစ်သည်။ အဆိုပါအခမ်း အနား၌ပေါ့ပ်အဆိုရှင်များ ဖြစ်ကြသည့်
ဘီယွန်းစေးနိုးလ်နှင့်ကယ်လီ ကလက်ဆွန်တို့အပြင် ကျေးလက်ရိုးရာ ဂီတဝါရင့်
အဆိုရှင်ကြီး ဂျိမ်းစ်တေးလာတို့ပါဝင်ဖျော်ဖြေသွားမည်ဟုသိရသည်။
ရာထူးအပ်နှင်းခြင်း အခမ်းအနားတွင် ပါဝင်ဖျော်ဖြေ မည့်အနုပညာရှင်များကို
ရွေးချယ်ရာတွင် သမ္မတအိုဘားမားကိုယ်တိုင်ပါဝင်ကြောင်း ပွဲစီစဉ်သူများ က
ပြောကြားခဲ့သည်။ သမ္မတအိုဘားမားက အမေရိကန်နိုင်ငံ၏ပုံပြင်များကို
သီကြွေးထားသည့် ရှေးခေတ် ရိုးရာ တေးသီချင်းများကို နှစ်သက်ကြောင်း
ပြောကြားခဲ့သည်။
သမ္မတအိုဘားမား၏ သမ္မတရာထူးအပ်နှင်းခြင်း အခမ်းအနားတွင် ကျူဘားအမေရိကန်
အဆိုတော် ရစ်ချက်ဘလန်ကိုလည်း ပါဝင်မည်ဖြစ်ကြောင်း ဘီယွန်းစေးသည်
နိုင်ငံတော်သီချင်းကို သီဆိုမည်ဖြစ်ပြီး ကလက်ဆွန်က My Country Tis of Thee
တေးသီချင်းကို သီဆိုမည်ဖြစ်ပြီး တေးလာက အမေရိ ကန် နိုင်ငံ၏ အလှအပများကို
ညွှန်းဆိုထားသော America the Beautiful တေးသီချင်းကို သီဆို မည် ဖြစ်သည်။
ဂျိမ်းစ် တေးလာနှင့် ဘီယွန်းစေးတို့သည် ၂ဝဝ၉ ခုနှစ်က ပြုလုပ်ခဲ့သော
သမ္မတအိုဘားမား ၏ ပထမအကြိမ် သမ္မတအဖြစ်ရာထူးအပ်နှင်းခြင်း အခမ်းအနားတွင်လည်း
ပါဝင်တင်ဆက်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။
Tuesday, January 15, 2013
အစိုးရတပ် လေကြောင်းမှ ဆက်လက် ပစ်ခတ်တိုက်ခိုက်နေဆဲဟု KIO ပြော
အစိုးရ စစ်တပ်ဘက်မှ ဂျက်လေယာဉ် နှစ်စီးက အင်္ဂါနေ့ မွန်းလွဲပိုင်းမှ ညနေ ၅
နာရီချိန်ထိ ကချင်လွတ်လပ်ရေးတပ် KIA ၏ တပ်မဟာ ၅ တပ်ရင်း ၂၁ နေရာ
ခရားဘွမ်တွင်.
...
...
၂၀၁၂ခုနှစ်အတွက် Ion Ratiu Democracy Award ဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ
မြန်မာ့သတင်း
» ၂၀၁၂ခုနှစ်အတွက် Ion Ratiu Democracy Award ဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ
ဒီချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား The Ratiu Family Charitable
Foundation မှ The 2012 Ion Ratiu Democracy Award ဆုကို နေပြည်တော်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီချုပ်) ရုံးခန်း၌ ယနေ့(ဇန်န၀ါရီလ ၁၆
ရက်နေ့)တွင် ပေးအပ်မည် ဖြစ်သည်။
Subscribe to:
Posts (Atom)