ဖိလစ်ပိုင်နိုင်ငံ၊ ကိုတာဘာတိုမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ( ဇန်န၀ါရီလ၊ ၁၇ ရက် ) ညနေ ၂း ၅၀
နာရီတွင် မနီလာမြို့သို့ လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြပြီးနောက် ညနေ
၎း ၀၀ နာရီအချိန်တွင် မနီလာမြို့၊ RCBC plaza ရှိ
ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးသို့ ရောက်ရှိခဲ့ကြပြီး Minister
& Deputy Head of Mission , Andrew Byrne အပါအ၀င်
သံတမန်အရာရှိများနှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံကြရာတွင် သြစတြေးလျ
သံတမန်တို့က ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြသောဖြစ်စဉ်တိုင်းကို
စိတ်ဝင်စားပါကြောင်း၊ ယခု ၈၈မျိုးဆက်ကျောင်းသားများ လာရောက်လေ့လာသော
ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးကြိုးပမ်းမှုများမှလည်း မြန်မာနိုင်ငံအတွက်
အကျိုးတစ်စုံတစ်ရာ ရရှိလာစေနိုင်မည်ဟု မျှော်လင့်ပါကြောင်းတို့ကို
ပြောကြားခဲ့သည်။ ၎င်းနောက် ငြိမ်းချမ်းရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ
အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ညနေ ၅း ၀၀ နာရီတွင် တွေ့ဆုံဆွေးနွေးပွဲကို
ရုပ်သိမ်းခဲ့ကြသည်။
ယနေ့ည ၇း ၀၀ နာရီတွင် ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသား ပညာတော်သင်ကျောင်းသားများ နှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံညစာစားပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။
၈၈မျိုးဆက်ကျောင်းသားများသည် မနက်ဖြန် နံနက် ၈း ၃၀ နာရီတွင် ဖိလစ်ပိုင်နိုင်ငံမှ ပြန်လည်ထွက်ခွာလာကြမည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ ည ၁၀း ၃၀ ခန့်တွင် ပြန်လည်ရောက်ရှိကြမည် ဖြစ်သည်။
88 Generation Students တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

No comments:
Post a Comment