
၌ ဖြစ်ပွားခဲ့သော ဟိန္ဒူနှင့် မွတ်ဆလင်
ဘာသာဝင်များ အကြား အဓိဂရုဏ်းတွင်
လူ (၄) ဦးသေဆုံးပြီး ၁၇၅ ဦး ဒဏ်ရာ ရရှိခဲ့
သည်ဟု သိရသည်။
စားသောက်ဆိုင် တစ်ခုတွင် မပေးချေရသော ဘီလ် တစ်ခုနှင့် ပတ်သက်ပြီး အငြင်းပွားရာမှ ရန်ပွဲမှာ ကျယ်ပြန့်သွားပြီး ဘာသာရေး ပဋိပက္ခ အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်ဟု ဆိုသည်။
အခင်း ဖြစ်ပွားခဲ့သော နေရာမှာ မဟာရာချတြာ (Maharashtra) ပြည်နယ်ရှိ Dhul တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာ ရသူ ၁၇၅ ဦးထဲတွင် ၁၁၃ ဦးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြပြီး သေဆုံးသူ ၄ ဦးမှာ ရဲတပ်ဖွဲ့၏ ပစ်ခတ်စဉ် ကျည်ဆံ ထိမှန် သေဆုံးသွားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မင်းကြီး Deven Bharti ကို ကိုးကားပြီး သတင်းတွင် ဖေါ်ပြသည်။
အခုအခါ အဆိုပါ ဒေသတွင် သက်ဆိုင်ရာမှ အခြေအနေကို ထိန်းသိမ်းနိုင်ရန် အတွက် တနင်္လာနေ့ (ဒီဇင်္ဘာ ၇ ရက်နေ့) မှ စပြီး ကာဗျူး ထုတ်လိုက်သည်ဟု ဆိုသည်။
နိရဉ္စရာ
No comments:
Post a Comment