တရုတ်၊ အမေရိကန်၊ ရုရှားနှင့် ဂျပန်နိုင်ငံ အပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် အခြား နိုင်ငံ ၈ နိုင်ငံ တို့သည် လာမည့် စက်တင်ဘာလတွင် အင်ဒိုနီးရှား နိုင်ငံ အနောက် ဂျာဗား၌ အကြမ်းဖက် နှိမ်နင်းမှု ပူးတွဲ လေ့ကျင့်ခန်း တစ်ခုအား ပြုလုပ်မည် ဖြစ်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီး Purnomo Yusgiantoro က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။
အဆိုပါ မှတ်ချက် စကားအား အင်ဒိုနီးရှား ဒုတိယ သမ္မတ Boediono နှင့် ဗြိတိန် ကာကွယ်ရေး ဝန်ကြီး Rt Hon Philip Hammond နှင့် ပြုလုပ်သော ဆွေးနွေးပွဲ ပြီးနောက် အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးက ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံ ၁၈ နိုင်ငံမှ အထူး တပ်ဖွဲ့ ၁၈ ဖွဲ့သည် ဂျကာတာမြို့ အနီးရှိ Sentul တွင် ပြုလုပ်သော အဆိုပါ လေ့ကျင့် ခန်းတွင် ပါဝင်မည် ဖြစ်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီး Yusgiantoro က ပြောကြား ခဲ့ပါသည်။ အိန္ဒိယ၊ နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံတို့ သည်လည်း အဆိုပါ စစ်ရေး လေ့ကျင့်ခန်း တွင်လည်း ပါဝင်မည် ဖြစ်ကြောင်း သိရှိ ရပါသည်။
မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
No comments:
Post a Comment