Home › မြန်မာ့သတင်း » ကသာမြို့ နယ်မှာ တပ်မတော် စစ်ကြောင်းနှင့် K.I.A တို့ တိုက်ပွဲဖြစ်ပွား အရပ်သား နှစ်ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာမြို့နယ်၊ မိုးတား ကျေးရွာ အနောက် မြောက်ဖက်၊ ဟဲနား ကျေးရွာအုပ်စုဝင်" ကျွန်းပင်”ရွာ အနီးတွင် ယနေ့(ဇန်န၀ါရီလ ၁၇ ရက်နေ့) နေ့လည် မွန်းလွဲပိုင်းအချိန်က တပ်မတော် စစ်ကြောင်းနှင့် K.I.A တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မကြာမှီ K.I.Aတပ်မှ ဆုတ်ခွာ သွားကြောင်း သိရသည်။တိုက်ပွဲဖြစ်ပွား ချိန်တွင် ကျွန်းပင်ရွာနေ ဒေါ်ပြုံးပြုံး(အသက်၅၂နှစ်)၏ ယာဘက်လက်တွင် ဒဏ်ရာအနည်းငယ်နှင့် ချွေးမဖြစ်သူ မနွေးနွေး(အသက်၂၇နှစ်)၏ နောက်ကျောဖက်ခါးနေရာတွင် ဒဏ်ရာရရှိကာ ကသာခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ညနေ(၄)နာရီခန့်တွင်ရောက်ရှိလာပြီး ဆေးကုသမှု ခံနေရကြောင်း သတင်းရရှိပါသည်။
Katha Town

No comments:
Post a Comment