၁၆
လူ သေဆုံးမှု ဖြစ်ပွား ခဲ့သည့် ရှားခဲအင်း ပြဿနာ ကို ဧရာဝတီ တိုင်း ဒေသကြီး
အစိုးရ အဖွဲ့က စုံစမ်း စစ်ဆေးရန် နိုင်ငံတော် သမ္မတ ရုံး၏ ညွှန်ကြားချက ကို
ဧရာဝတီ တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များက ကန့်ကွက်ရန် ဇန်နဝါရီလ
၁၄ ရက်နေ့ လွှတ်တော် အစည်းအဝေး တွင် ဆုံးဖြတ် ခဲ့ကြောင်း ယင်း လွှတ်တော်
အစည်းအဝေး ထံမှ စုံစမ်း သိရသည်။
အဆိုပါ ရှားခဲအင်း
ပြဿနာ ကို စုံစမ်း စစ်ဆေးရန် လွှတ်တော် စုံစမ်း စစ်ဆေးရေး ကော်မတီ ဖွဲ့စည်း
ထားသော်လည်း ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးက တိုင်းဒေသကြီး အစိုးရကို
စစ်ဆေးရန် ညွှန်ကြားခြင်းသည် ဥပဒေ၊ နည်းဥပဒေ များကို ကျော်လွန် လုပ်ဆောင်
သောကြောင့် နိုင်ငံတော် သမ္မတထံ ကန့်ကွက်သည့် သဝဏ်လွှာ ပေးပို့ သွားမည်
ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များက ပြောကြား
သည်။
"ဥပဒေနဲ့ မညီတဲ့ အမှားကြီး ကို လက်ခံ လိုက်ရင် ကျွန်တော်တို့
သမိုင်း တရားခံ ဖြစ်သွား လိမ့်မယ်" ဟု တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ
ဦးဆန်းဆင့်က ကန့်ကွက် ရခြင်းနှင့် ပတ်သက်၍ ရှင်းပြ သည်။
ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော် မြို့နယ် ရှားခဲအင်း လုပ်ပိုင်ခွင့် နှင့်
ပတ်သက်၍ ဒေသခံ များနှင့် လုပ်ပိုင်ခွင့် ရ ဝိုင်းဝိုင်းလည် သမဝါယမ
အသင်းတို့ ပဋိပက္ခများ ဖြစ်ပွား ခဲ့ပြီး ရဲတပ်ဖွဲ့ က နှိမ်နင်း ခဲ့သဖြင့်
ဒေသခံ နှစ်ဦး သေနတ် ထိမှန် သေဆုံး ခဲ့သည်။
The Voice Weekly by achan mon
No comments:
Post a Comment