Sunday, January 20, 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များ ပထမဆုံးအကြိမ်တွေ့ဆုံ



ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup on 20 Jan, 2013

၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံ အတွင်းရှိ လူမှုရေးအသင်းများမှ တင်ပြဆွေးနွေးသော အခက်အခဲပြဿနာများကို နားထောင်ကာ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များသည် တရားဝင် လူမှုကူညီရေး ဖြစ်လာစေရန်အတွက် မှတ်ပုံတင်ကြေး (၅)သိန်းမှာ များပြားကြောင်း ၊ NGO ဥပဒေရေးဆွဲရာတွင် လူမှုရေးအသင်း အဖွဲ့များအနေဖြင့် ပါဝင်နိုင်ရန် ဆောင် ရွက်ပေးသင့်ကြောင်း ၊ မှတ်ပုံတင် သက်တမ်းတိုးသည့်အခါ လွယ်ကူမြန်ဆန်စေရန် ဆောင်ရွက်ပေးလိုကြောင်း ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် သမ္မတရုံးတို့ ဆက်သွယ်ရေးအတွက် ကြားခံ လူပုဂ္ဂိုလ်ထားရှိပေးရေး အစရှိသည့် အခက်အခဲများကို တင်ပြခဲ့ကြသည်။

No comments:

Post a Comment