Tuesday, February 18, 2014

တစ်ခါတရံမှာ ကိုယ့်အတွက် မဖြစ်နိုင်တော့ဘူးဆိုတာ သေချာနေရင် လက်လွှတ် ပေးလိုက်တာက ပိုကောင်းပါတယ်


တစ်ခါတရံမှာ ကိုယ့်အတွက်
ဆုံးရှုံးရမယ်ဆိုတာ သေချာနေခဲ့တယ်ဆိုရင်
စွန့် လွှတ်ပေးလိုက်တာက ပိုကောင်းပါတယ်

တစ်ခါတရံမှာ ကိုယ့်အတွက်
မေ့ပစ်လိုက်သင့်တယ်ဆိုတာ သိနေပီရင်
မတမ်းတမိအောင် ကြိုးစားတာက ပိုကောင်းပါတယ်

ဘာကြောင့်လဲဆိုတော့
ကိုယ် ဆိုတဲ့အတွေးတွေ မရှိနိုင်တဲ့သူတစ်ယောက်
အတွက် ကိုယ့်ရဲ့ နာကျင်မှုတွေနဲ့ ရင်းပီး ပေးဆပ်
နေပေးရတာက မထိုက်တန်လွန်းလို့ပါ

Khin Myo Aye

Aye Chan Mon# Credit To : Poem > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

တကယ့်အဖြစ်အပျက်လေးပါ။



တနေ့မှာ ဆင်းရဲသားကောင်လေး တစ်ယောက် တအိမ်တက် တအိမ်ဆင်းပြီး သူကျောင်းတက်ဖို့အတွက် နွားနို့လိုက်ေ၇ာင်းနေပါတယ်။ လိုက်ရောင်းရင်း ဗိုက်ကဆာလာတယ်၊ နွားနို့က စက်ရုံထုတ်ဖြစ်တဲ့အတွက် ဖောက်သောက်ရင်
ပိုက်ဆံက ပေးစရာမရှိ၊ လူမိရင် အလုပ်ရှင်က အလုပ်ဖြုတ်နိုင်တယ်၊ အဲတာ နဲ့ အိမ်တစ်အိမ်မှာ ရေတခွက်တောင်းသောက်တယ်။

သစ်ထုတ်လုပ်မှုကို အချိုးညီ လျော့ချဆောင်ရွက်သွားမည်ဟု သစ်တောဒုဝန်ကြီး ပြောကြား



ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော်အစည်း
အဝေးတွင် ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးအေးက ဟုမ္မလင်းမြို့နယ်မှ ထုတ်လုပ်ခဲ့သော သစ်လုံးတန်ရေ မည်မျှရှိပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှ စ၍ သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းပေးရန် အစီအစဉ်များနှင့် စပ်လျဉ်း၍

လွိုင်လင်မြို့နယ်ရှိ လမ်း၊ တံတားတည်ဆောက်ခြင်းနှင့် ပတ်သတ်၍ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီက မေးမြန်း



ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်း
အဝေးတွင် လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီက ရှမ်းပြည်နယ်

Sunday, February 16, 2014

မြန်မာနိုင်ငံတွင် အကျဉ်းသားလဲလှယ် လွှဲပြောင်းခြင်းဆိုင်ရာဥပဒေကို ရေးဆွဲပြဌာန်းထားခြင်းများ မရှိသေးကြောင်း ဒု-ဝန်ကြီးပြောကြား



ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော်အစည်း
အဝေးတွင် သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးသိန်းညွှန့်က ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသူ မြန်မာနိုင်ငံ အကျဉ်းသားများနှင့်မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျနေသည့် ထိုင်းနိုင်ငံ အကျဉ်း
သားများနှင့် စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်
ကျော်ဇံမြင့်က ထိုင်းနိုင်ငံတစ်ဝန်းရှိ အကျဉ်း ထောင်အသီးသီးတွင်
ပြစ်ဒဏ်ကျခံနေသော မြန်မာနိုင်ငံသား အကျဉ်းသား စုစုပေါင်း ၃၉၆၇ ဦးရှိရာ အများဆုံးသည် မူးယစ်ဆေးဝါးပြစ်မှုများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးအနေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာနနှင့် အကျဉ်းဦးစီးဌာနတို့ကို စုစုပေါင်း မြန်မာနိုင်ငံသား အကျဉ်းသား ၆၆၈ ဦးအတွက်ကို လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် အကြိမ်ကြိမ် မေတ္တာရပ်ခံချက်အရ ထိုင်းနိုင်ငံ အကျဉ်းဦးစီးဌာနအနေနှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် မြန်မာနိုင်ငံသားပါဝင်မှသာ သက်ဆိုင်ရာမြန်မာသံရုံးကို အကြောင်းပြန်ကြားပေးမည်ဖြစ်ကြောင်း။

ထိုင်းနိုင်ငံမှ လူသတ်မှု၊ မူးယစ်ဆေးဝါး ဆိုင်ရာပြစ်မှုများနှင့် အဂတိလိုက်စားမှုတို့ဖြင့် ပြစ်ဒဏ်ကျအကျဉ်းသားများနှင့် စပ်လျဉ်း၍ လွတ်ငြိမ်းချမ်းသာ ခွင့်များ ပေးလေ့မရှိကြောင်းတို့ကိုသိရှိရပါကြောင်း။
မြန်မာနိုင်ငံတွင် အကျဉ်းသားလဲလှယ် လွှဲပြောင်းခြင်းဆိုင်ရာဥပဒေကို
ရေးဆွဲပြဌာန်းထားခြင်းများ မရှိသေးသဖြင့် ထိုင်းနိုင်ငံနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးနိုင်ခြင်း မရှိသေးပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

မေးမြန်းဖြေကြားချက်အပြည့်အစုံသို့=>http://goo.gl/2p3F0L