Tuesday, February 18, 2014
လွိုင်လင်မြို့နယ်ရှိ လမ်း၊ တံတားတည်ဆောက်ခြင်းနှင့် ပတ်သတ်၍ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီက မေးမြန်း
ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်း
အဝေးတွင် လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီက ရှမ်းပြည်နယ်
(တောင်ပိုင်း) လွိုင်လင်မြို့နယ် ကိုယ့်အားကိုယ်ကိုး မြေသားလမ်းတို့အား
ကျောက်ချောလမ်းခင်းပေးရန်နှင့် မိုင်းပွန်ဒေသမှ ဆင်ခြေဖုံးကျေးရွာအုပ်စု လုံအောင်ရွာသွား ကျောက်ချော လမ်းပေါ်ရှိ တံတားများနှင့်ရေပြွန်များအား တည်ဆောက်ပေးရန် အစီအစဉ်များနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ မွေးမြူရေးနှင့်ရေလုပ်ငန်း ဒု-ဝန်ကြီး
ဒေါက်တာအောင်မြတ်ဦးက လွိုင်လင်မြို့နယ်၊ မိုင်းပွန်ဒေသမှ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ မိုင်းပွန်- လုံအောင်ကျေးရွာသွား ကျောက်ချော လမ်းပေါ်ရှိ တံတားနှင့်ရေပြွန်များ တည်ဆောက်ပေးရန်နှင့် ပတ်သက်၍ အဆိုပါလမ်းသည် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့်သက်ဆိုင်သော မိုင်းပွန်- မိုင်းဆိပ်လမ်းပိုင်းတွင် ပါဝင်နေသည့်အတွက် မိမိတို့စာရင်းတွင် ပါဝင်ခြင်း
မရှိပါကြောင်းနှင့် လွိုင်လင်မြို့ နယ်အတွင်းကျေးလက်လမ်း ၄ လမ်းနှင့် ပတ်သတ်၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ
လျာထားရေးဆွဲထားခြင်း မရှိသေးပါကြောင်းဖြင့်
ပြန်လည်ဖြေကြားခဲ့သည်။
မေးမြန်းဖြေကြားချက်အပြည့်အစုံသို့=>http://goo.gl/nLnoEw
Labels:
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment