..............................
[ စိုးချစ်ချစ်ပိုင် ရန်ကုန်၊ ]
ကျန်းမာရေးအာမခံ အပါ အဝင် အာမခံအမျိုးအစားသစ်လေး မျိုးကို တိုးချဲ့ခွင့်ပြုသွားမည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင် မောင်သိမ်းက ပြောကြားသည်။
လက်ရှိတွင် အာမခံအမျိုးအ စားပေါင်း၄၆မျိုးကို ခွင့်ပြုထားပြီး ဖြစ်သည့် မြန်မာ့အာမခံလုပ်ငန်း တွင် တောင်သူလယ်သမားအာမခံ၊ ကျန်းမာရေးအာမခံ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး ဆိုင်ရာ ပေါ်လစီအာမခံနှင့် မထား မနေရ မီးအာမခံတို့အဖြစ် အမျိုးအ စားလေးခု တိုးချဲ့ခွင့်ပြုရန် ယခုနှစ် အတွင်း စမ်းသပ်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ''အာမခံ အသစ်တစ်ခုပြုလုပ် မယ်ဆိုရင် လိုအပ်တဲ့အချက်အလက် တွေ စုဆောင်းလေ့လာပြီး စမ်း သပ်ကာလ တစ်နှစ်ပြုလုပ်ရမယ်။လိုအပ်ချက်ေ
''အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် မှုကို အခြေခံတဲ့ပေါ်လစီအာမခံကို တော့ ဒီနှစ်ဧပြီမှာ စတင်အကောင် အထည်ဖော်မယ်''ဟု ယင်းကထပ် ပြောသည်။
လက်ရှိလုပ်ဆောင်မည့် အာ မခံအသစ်လေးမျိုးမှာ နိုင်ငံတကာ တွင် တွင်ကျယ်စွာလုပ်ဆောင်နေပြီး သော အာမခံလုပ်ငန်းများဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ကျွမ်းကျင်သူများ၏ အကူအညီများ ကိုလည်းရယူပြီး အကောင်အထည် ဖော်သွားမည်ဟု ဆိုသည်။
တောင်သူလယ်သမား အာမခံ နှင့်ပတ်သက်၍ ဒုတိယဝန်ကြီးက ''နိုင်ငံတကာမှာ တောင်သူလယ် သမား အာမခံအမျိုးအစားတွေအ များကြီးရှိတယ်။ မြန်မာနိုင်ငံကကျ တော့ စိုက်ပျိုးရေးနိုင်ငံလဲ ဖြစ်တယ် ဆိုတော့ ဒီလိုအာမခံတွေထဲကမှ မြန်မာပြည် ရေ၊ မြေ၊ သဘာဝ၊ လူ နေမှု၊ စီးပွားရေးအခြေအနေတွေ၊ ရာသီဥတုနဲ့ ပတ်သက်တဲ့အချက်အ လက်တွေနဲ့ အသင့်တော်ဆုံးပေါ်လစီ ကို ရွေးချယ်ပြီးပြုလုပ်သွားမယ်''ဟု
No comments:
Post a Comment