Friday, February 14, 2014

အလွန်ပါးတဲ့အပေါ်ပိုင်းဇာလွှာတစ်ထည်နဲ့ ရှော့ခ်ရိုက်စေခဲ့တဲ့ Kendall Jenner Friday, February 14, 2014

သူမဟာ ထိပ်တန်းဖက်ရှင်မော်ဒယ်တွေလိုမျိုး ရှိုးလျှောက်ရာမှာ ဘာတစ်ခုမှ လျှို့ဝှက်ချက်မထားဘဲ တကယ့်ပုံရိပ် အစစ်နဲ့ လျှောက်ပြခဲ့ပါတယ်။ Kendall Jenner ဟာ Marc Jacobs Fall 2014 အတွက် အလွန်ပါးလွှာတဲ့ အပေါ်ဝတ်ကို အတွင်းခံမပါပဲ လျှောက်ပြသွားပါတယ်။ သူမရဲ့ အတိုတိတိဖြတ်ထားတဲ့ ဆံပင်နဲ့ မျက်ခုံးဖြူဖြူတွေကလည်း ဖက်ရှင်ရသပြည့်ဝတဲ့ သင်္ကေတစ်ခုပါပဲ။

ဒီကိစ္စကြောင့် သူမဟာ ပရိသတ်တွေရဲ့ အာရုံစိုက်မှုနဲ့ အံ့အားသင့်မှုတွေကို ရယူနိုင်ခဲ့ပါတယ်။ Kardashians မျိုးရိုး မော်ဒယ်စတားဟာ အသက်(၁၈)သာရှိသေးပေမယ့် သူမရဲ့ မျက်ဝန်းတွေကတော့ ယုံကြည်မှုအပြည့်နဲ့ စူးရှလို့နေပါတယ်။ V ပုံစံ လည်ပင်းနဲ့ အညိုရောင်ဇာအင်္ကျံဟာ သူမရဲ့ သွယ်လျကျစ်လစ်တဲ့ ခန္ဓာကိုယ်အလှကို အပြည့်အ၀ဖော်ပြပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ သူမရဲ့ လှပတဲ့ရင်သား တစ်စုံကိုရောပေါ့။

ခြေသလုံးသာသာ ဘောင်းဘီကို အောက်ကခြေအိတ်အညိုရောင်ခံလို့ သားရေဖိနပ် အညိုရောင်ကို ပြန်သုံးထားတဲ့ သူမရဲ့ ပုံစံက ဖက်ရှင်မော်ဒယ်အလွန်ပီသပါတယ်။ ဒီကိစ္စအတွက် သူမရဲ့အစ်မဖြစ်သူ Khloe Kardashian ကတော့ ညီမငယ်နဲ့ပတ်သက်လို့ အလွန်ပဲ ဂုဏ်ယူနေခဲ့ပြီး ကိုယ်တိုင်ရိုက်ယူထားတဲ့ ဓါတ်ပုံအမြောက်အများကို Instagtam မှာ တင်နေခဲ့ပါတယ်။

ပြီးတော့ “ညီမငယ်လေးက ဒီနေ့မှာ Marc Jacobs ဖက်ရှင်ရှိုးကို ပွဲဆူသွားစေခဲ့တယ်။ မင်းဟာ ငါ့အတွက်တော့ မူးယစ်ဆေးလေးလိုပါပဲ။ ဂုဏ်ယူပါတယ် ငါ့ရဲ့ညီမငယ်လေးရေ” လို့ အဓိပ္ပါယ်ရတဲ့ စာသားတွေလည်း တင်ထားပါသေးတယ်။

မော်ဒယ်စတားဟာ သူမရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို အသက်(၁၄)နှစ်လောက်ကတည်းက Wihelmina agency မှာ အဖွဲ့ဝင်ပြီး စတင်ခဲ့တာပါ။

No comments:

Post a Comment