Sunday, February 16, 2014
မြန်မာနိုင်ငံတွင် အကျဉ်းသားလဲလှယ် လွှဲပြောင်းခြင်းဆိုင်ရာဥပဒေကို ရေးဆွဲပြဌာန်းထားခြင်းများ မရှိသေးကြောင်း ဒု-ဝန်ကြီးပြောကြား
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော်အစည်း
အဝေးတွင် သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးသိန်းညွှန့်က ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသူ မြန်မာနိုင်ငံ အကျဉ်းသားများနှင့်မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျနေသည့် ထိုင်းနိုင်ငံ အကျဉ်း
သားများနှင့် စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်
ကျော်ဇံမြင့်က ထိုင်းနိုင်ငံတစ်ဝန်းရှိ အကျဉ်း ထောင်အသီးသီးတွင်
ပြစ်ဒဏ်ကျခံနေသော မြန်မာနိုင်ငံသား အကျဉ်းသား စုစုပေါင်း ၃၉၆၇ ဦးရှိရာ အများဆုံးသည် မူးယစ်ဆေးဝါးပြစ်မှုများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးအနေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာနနှင့် အကျဉ်းဦးစီးဌာနတို့ကို စုစုပေါင်း မြန်မာနိုင်ငံသား အကျဉ်းသား ၆၆၈ ဦးအတွက်ကို လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် အကြိမ်ကြိမ် မေတ္တာရပ်ခံချက်အရ ထိုင်းနိုင်ငံ အကျဉ်းဦးစီးဌာနအနေနှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် မြန်မာနိုင်ငံသားပါဝင်မှသာ သက်ဆိုင်ရာမြန်မာသံရုံးကို အကြောင်းပြန်ကြားပေးမည်ဖြစ်ကြောင်း။
ထိုင်းနိုင်ငံမှ လူသတ်မှု၊ မူးယစ်ဆေးဝါး ဆိုင်ရာပြစ်မှုများနှင့် အဂတိလိုက်စားမှုတို့ဖြင့် ပြစ်ဒဏ်ကျအကျဉ်းသားများနှင့် စပ်လျဉ်း၍ လွတ်ငြိမ်းချမ်းသာ ခွင့်များ ပေးလေ့မရှိကြောင်းတို့ကိုသိရှိရပါကြောင်း။
မြန်မာနိုင်ငံတွင် အကျဉ်းသားလဲလှယ် လွှဲပြောင်းခြင်းဆိုင်ရာဥပဒေကို
ရေးဆွဲပြဌာန်းထားခြင်းများ မရှိသေးသဖြင့် ထိုင်းနိုင်ငံနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးနိုင်ခြင်း မရှိသေးပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
မေးမြန်းဖြေကြားချက်အပြည့်အစုံသို့=>http://goo.gl/2p3F0L
Subscribe to:
Post Comments (Atom)
No comments:
Post a Comment