May 24, 2012 at 2:48pm
နိုင်ငံတော်သမ္မတ၏
စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါက်တာဦးမြင့်၏
ရန်ကုန်သက္ကသိုလ်နှင့်ပတ်သက်သော အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍
နိုင်ငံတော်သမ္မတရုံးမှ ရှင်းလင်းထုတ်ပြန်ချက်
ထုတ်ပြန်ခဲ့ပြီး၊သတင်းစာရှင်းလင်းပွဲတစ်ခုအား ယနေ့(မေလ ၂၄ ရက်နေ့)တွင်
နိုင်ငံတော်သမ္မတအကြံပေးရုံးတွင် ကျင်းပခဲ့ကာ နိုင်ငံရေးအကြံပေးအဖွဲ့မှ
ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်နှင့်
အခြားအကြံပေးပုဂ္ဂိုလ်များတက်ရောက်ခဲ့ကာ မေးမြန်းချက်တို့အား
ပြန်လည်ဖြေကြားပေးခဲ့သည့်အနက် ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် အာဆီယံ
ဆီးဂိမ်းပြိုင်ပွဲအတွက် တင်းနစ်ကွင်းများကို နိုင်ငံတကာအဆင့်မီအောင်
မြှင့်တင် တည်ဆောက်မည်ဆိုခြင်းမှာ ရန်ကုန်တက္ကသိုလ်ပိုင်
တင်းနစ်ကွင်းများအား ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များလက်သို့ ၀ကွက်
အပ်လိုက်ခြင်းမဟုတ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် တင်းနစ်ကွင်းများကို နိုင်ငံတကာအဆင့်မီအောင် မြှင့်တင်တည်ဆောက်မည် ဆိုခြင်းမှာလည်း ရန်ကုန်တက္ကသိုလ်ပိုင် တင်းနစ်ကွင်းများအား ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များလက်သို့ ၀ကွက်အပ်လိုက်ခြင်း မဟုတ်ကြောင်း၊ ကောင်မွန်သောယှဉ်ပြိုင်မှုနှင့် အရည်အသွေးမီသည့် တင်းနစ်ကွင်းများဖြစ်ပေါ်လာစေရေး၊ အိတ်ဖွင့် တင်ဒါစနစ်ဖြင့်ဆောင်ရွက်ရန် စီစဉ်ဆဲသာဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ ရန်ပုံငွေမှ လက်ရှိ တင်းနစ်ကွင်းများကို ပြိုင်ပွဲဝင် စံချိန်မီရေး အဆင့်မြှင့်တင်ခြင်းသာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန (သို့မဟုတ်) တက္ကသိုလ်အနေဖြင့် ရံပုံငွေ မသုံးစွဲရဘဲ ကွင်းသစ်အဆောက်အအုံများ ရရှိပိုင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ အားကစားပွဲပြီးလျှင် တက္ကသိုလ်ပိုင်ကွင်းများအဖြစ်သာရှိပြီး တက္ကသိုလ်များမှ ဆရာ ဆရာမ ကျောင်းသား ကျောင်းသူများက ကစားနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ၂၀၁၄ ခုနှစ်မှစ၍ ဆောင်ရွက်ရန် စီမံထားသည့် တက္ကသိုလ်နှင့် ကောလိပ်များ ဘက်စုံ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တွင် တင်းနစ်အားကစား ဖွံ့ဖြိုးရေးအတွက် တက္ကသိုလ် ကောလိပ်ကျောင်းသားများ အဆင်သင့် သုံးစွဲနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ရှင်းလင်းချက်တွင် ထည့်သွင်းဖော်ပြထားခဲ့သည်။

No comments:
Post a Comment