Friday, February 14, 2014

Myanma Airways သို့ Boeing လေယာဉ်သစ် ၁၀ စီး ငှားရမ်းပေးမည်

GE Capital Aviation Services (GECAS) က မြန်မာ့လေ ကြောင်းကုမ္ပဏီတစ်ခုဖြစ်သော Myanma Airways သို့ ကိုယ် ထည်ကျဉ်းBoeing လေယာဉ် သစ် ၁၀ စီးကို ငှားရမ်းသည့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၂၀၁၄၊ စင်ကာပူ Air Show မတိုင်မီ အကြိုအဖြစ် ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပခဲ့သော သတင်း စာရှင်းလင်းပွဲတွင်  ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါစာချုပ်အရ Boeing 737-800 model လေယာဉ်သစ် ခြောက်စီးနှင့် Boeing 737-8 MAX model လေယာဉ်သစ် လေးစီးကို ၂၀၁၅ ဇွန်လမှ ၂၀၂၀ ခုနှစ်အတွင်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“GE အနေနဲ့ အဆင့်မြင့်Boeing လေယာဉ်သစ်တွေ ပံ့ပိုး ပေးအပ်ပြီး Myanma Airways နဲ့အတူ တွဲဖက်လုပ်ကိုင်ရတာကို ကျေနပ်ဝမ်းမြောက်မိပါတယ်။ ဒါဟာ လေကြောင်းလိုင်းအတွက် ရော မြန်မာ့လေကြောင်းလုပ်ငန်း ကဏ္ဍအတွက်ပါ အရေးပါတဲ့ မှတ်တမ်းတင်ဖြစ်ရပ် တစ်ခုပါ”” ဟု GECAS ၏ဥက္ကဋ္ဌနှင့် အမှု ဆောင်အရာရှိချုပ်ဖြစ်သူက Norman C.T.Liu က ပြောကြားသည်။
၁၉၄၈ ခုနှစ်တွင်  စတင် တည်ဆောက်ခဲ့သော Myanma Airways သည် နိုင်ငံပိုင်လေ ကြောင်းလိုင်းတစ်ခုဖြစ်ပြီး လက်ရှိ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အခြေစိုက်ကာ ပြည် တွင်းအဓိကခရီးစဉ်များကို ပြေး ဆွဲဝန်ဆောင်မှုပေးနေကြောင်း သိရသည်။
Myanma Airways  ၏စီမံ အုပ်ချုပ်မှု ဒါရိုက်တာလေယာဉ် မှူးကြီး ဦးသန်းထွန်းက ““ဒေသ တွင်းက အဓိကကျတဲ့ ဈေးကွက် နေရာတွေဆီ လမ်းကြောင်းတွေ ချဲ့ထွင် ပျံသန်းနိုင်ဖို့ ကျွန်တော် တို့လေကြောင်းလိုင်းရဲ့ လုပ်ငန်း တွေကို အဆင့်မြင့်ချဲ့ထွင်နိုင်ဖို့ GE ရဲ့  Capital Aviation Services ရဲ့  နဲ့ တွဲဖက်လုပ်ကိုင်ရတဲ့ အတွက် ကျွန်တော်တို့လည်း ၀မ်း သာပါတယ်။ GE  လိုမျိုးထိပ်တန်း အမေရိကန်ကုမ္မဏီကြီးတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ လေ ကြောင်းလိုင်းအတွက်ရော၊မြန်မာ့ စီးပွားရေးအတွက်ပါ အကျိုး ကျေးဇူးရရှိမှာဖြစ်ပါတယ်”” ဟု ပြောကြားခဲ့သည်။
GECAS သည် လက်ရှိတွင် Myanma Airways သို့  Embraer E 190 လေယာဉ်နှစ်စီး ငှားရမ်း ထားပြီး GECASAvia solution ၏ အတိုင်ပင်ခံလုပ်ငန်းအဖွဲ့ အစည်းက လေကြောင်းလိုင်းနှင့် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးထားကာ လေကြောင်း ခရီးစဉ်နှင့် ဆက်သွယ်မှုကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဦးတည်မဟာဗျူဟာကျကျ တိုးတက် အောင် စီစဉ်ဆောင်ရွက်နိုင်ရန် အကြီးတန်းစီမံအုပ်ချုပ်သူများနှင့် တွဲဖက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
GE ၏ လေယာဉ်ငှားရမ်း ခြင်းနှင့် ဘဏ္ဍာငွေလုပ်ငန်းခွဲ တစ်ခုဖြစ်သော အမေရိကန်နှင့် အိုင်ယာလန် လုပ်ငန်းခွဲGECAS သည် လေယာဉ်စင်းရေ ၁၆၂၀ ကျော် ပိုင်ဆိုင်ပြီး လေကြောင်း လိုင်းပေါင်း ၂၃၀ ကျော်နှင့် လုပ် ငန်းများတွဲဖက်ဆောင်ရွက်နေ ကြောင်း သိရသည်။
အဆိုပါသတင်းစာရှင်းလင်း ပွဲသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉဏ် ထွန်းအောင်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell  နှင့် အပြည်ပြည်ဆိုင် ရာ ကုန်သွယ်မှုအတွက် အမေရိ ကန်၏ တာဝန်ခံအတွင်းရေးမှူး Kenneth E. Hyatt တို့ တက် ရောက်ခဲ့ကြောင်း သိရသည်။
ခြေမြန်တော်

No comments:

Post a Comment