Thursday, February 13, 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ထွက်ခွာ



တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် အမျိုးသား ကာကွယ်ရေး ဝန်ကြီး Lieutenant General Douan- gchay PHICHITH ၏ ဖိတ်ကြား ချက်အရ ယနေ့ မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ရန် နေပြည်တော် လေဆိပ်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီး ချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီးံ H.E.Mr. Nilahath Sayarath နှင့် ဒုတိယ စစ်သံမှူး Major Khampheng Sonephachanh တို့က နေပြည်တော် လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ နှင့်အဖွဲ့ဝင်များ အဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ဗိုလ်ချုပ် မြထွန်းဦး၊ စစ်ဦးစီး အရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်း၊ စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်ချုပ် လွင်ဦး၊ နေပြည်တော် တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးနှင့် တပ်မတော် အရာရှိကြီးများ လိုက်ပါ သွားကြ သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၃နာရီ ၃၅ မိနစ်တွင် လာအိုနိုင်ငံ ဗီယင်ကျင်းမြို့ ဝပ်တိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စား လှယ် အဖွဲ့အား လာအို ကာကွယ်ရေး ဝန်ကြီး ဌာန၊ နိုင်ငံခြား ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် Colonel Kenchan NANTHALANGSY နှင့် ဇနီး၊ လာအိုနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စိုးဝင်း နှင့်ဇနီး၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး တင်ထွန်းအောင်နှင့်ဇနီး နှင့် တာဝန် ရှိသူတို့က ဝပ်တိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။ အဆိုပါ ချစ်ကြည်ရေး ရီးစဉ်တွင် လာအို နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံး မိသားစုများအား တွေ့ဆုံခြင်း၊ လာအိုနိုင်ငံ သမ္မတနှင့် ကာကွယ်ရေး ဝန်ကြီးတို့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ကိစ္စရပ်များ ဆွေးနွေးခြင်း၊ မြို့တော် ဗီယင်ကျန်းနှင့် လွန်ပရာဘန်ပည်နယ်အတွင်း ထင်ရှားသော နေရာများသို့ သွားရောက် လေ့လာခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment