Thursday, February 13, 2014

မစ္စတာ ကင်တာနားနဲ့ ၈၈ မျိုးဆက် ဘာတွေ ဆွေးနွေးခဲ့ကြလဲ


မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေ ကင်တာနားဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရန်ကုန်ရှိ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့စည်း) ရုံးခန်းမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ လာမယ့် မတ်လကျရင် တင်သွင်းမယ့် မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ အကြောင်း ဆွေးနွေးကြပါတယ်။
“ထိုအစီရင်ခံစာတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အပစ်အခတ်ရပ်စဲရေး ၊ တိုင်း ရင်းသား လူနည်းစု အခွင့်အရေး၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် စိန်ခေါ်မှုများ၊ အလုပ်သမားအခွင့် အရေး၊
မြေယာ သိမ်းဆည်းခံရမှုများ၊ ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံကြရသူများ အရေးကိစ္စ စသည်တို့ကို အဓိက ထည့် သွင်း တင်ပြသွားရန် ဆွေးနွေးခဲ့ကြသည်” လို့ ၈၈ မျိုးဆက် က ဆိုပါတယ်။

ဒီအပြင်မှာ မစ္စတာ ကင်တာနားအနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေလေ့လာမယ့် အစီ အစဉ်ထဲမှာ လူမျိုးရေးပဋိပက္ခတွေနဲ့ပတ်သက်တဲ့ အခြေအနေမှန်တွေ သိနိုင်ဖို့ ၈၈ မျိုးဆက်ဘက်က ပွင့်ပွင့်လင်း လင်း ဆွေးနွေးခဲ့ကြပြီး ပြည်တွင်း အခြေအနေတွေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အိမ့်သံစဉ် ~

No comments:

Post a Comment