Sunday, February 16, 2014

AZG/MSF ရခိုင်ပြည်မှထွက်ရန်ဆန္ဒပြတောင်းဆိုသော်လည်း မထွက်သဖြင့် သမ္မတထံစာတင်မည် ...........................................................................................




[ မင်းအောင်ခိုင် (ရန်ကုန်) ]

ဒေသတွင်း လူမျိုးရေးပဋိပက္ခ များကို ဝင်ရောက်စွက်ဖက်သည်ဟု ဆိုကာ AZG/MSF အဖွဲ့ရခိုင်ပြည် နယ်တစ်ခုလုံးမှထွက်ခွာသွားရန် ဖေ ဖော်ဝါရီ ၃ ရက်က ဆန္ဒပြတောင်းဆို ခဲ့သော်လည်း မထွက်ခွာသဖြင့် သမ္မတ ထံ တိုက်ရိုက်စာတင်၍ ထွက်ခွာပေးရန် တောင်းဆိုသွားမည်ဟု ဒေသခံရခိုင် လူမှုအဖွဲ့အစည်းများကပြောသည်။



ရခိုင်လူမှုအဖွဲ့အစည်း ၃ဝဝ ကျော်မှ ဖေဖော်ဝါရီ ၁ဝ ရက်မွန်းလွဲ ၁ နာရီခွဲတွင် စစ်တွေမြို့ စစ်ကဲတော် မင်းဘုန်းတော်ကြီးကျောင်း၌ ဆွေးနွေး ခဲ့ပြီး ယင်းသို့ဆုံးဖြတ်ခဲ့ကြောင်း တက် ရောက်ဆွေးနွေးခဲ့သူ စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။

''ခုနှစ်ရက်အတွင်း ထွက်သွားဖို့ ကျွန်တော်တို့က ဆန္ဒပြတောင်းဆိုထား တယ်။ ဒါပေမဲ့ မထွက်ဘူး။ အခုတစ် ခါ သမ္မတထိစာတင်မယ်။ ဒီအတိုင်း မထွက်ဘဲဆက်နေရင်တော့ နောက်ထပ် ဖြစ်လာမယ့် ပြဿနာအဝဝဟာ သူတို့ နဲ့ပဲဆိုင်လိမ့်မယ်'' ဟု ဦးသန်းထွန်း ကဆိုသည်။

AZG/MSF အဖွဲ့အစည်းသည် ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး နှင့်သက်ဆိုင်သော အလုပ်ကိစ္စများကို သာလုပ်ဆောင်ရန် ကျန်းမာရေးဝန် ကြီးဌာနနှင့် သဘောတူလက်မှတ်ထိုး ထားသော်လည်း ယင်းတို့ကိုချိုးဖောက် ကာ ဒေသတွင်း လူမျိုးရေးကိစ္စရပ်များ ကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဘင်္ဂါလီ အခွင့်အရေးများကို တောင်းဆိုလာ ခြင်း၊ နိုင်ငံတကာသို့ မမှန်သတင်းများ ပေးပို့ပြောဆိုခြင်းတို့ကို ယင်းအဖွဲ့က လုပ်ဆောင်ခြင်းမှာ ဒေသတွင်းပဋိပက္ခ မီးကို ပိုမိုတောက်လောင်စေကြောင်း ဦးသန်းထွန်းက သူ၏သဘောထား အမြင်ကို သုံးသပ်ပြောကြားသည်။

ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌဒေါ်ညိုညိုအေးက ''ကျွန်မ တို့ပြည်နယ်ကနေ ခုနစ်ရက်အတွင်း ထွက်ဖို့ တောင်းဆိုထားပြီးပြီ။ အခု တစ်ခါမထွက်လို့ သမ္မတဆီအထိကို စာတင်ပြီး တောင်းဆိုမယ်။ ရက်အ ကန့်အသတ်တစ်ခုအထိ စောင့်မယ်။ မထွက်မချင်း ဆက်လုပ်သွားမယ်'' ဟု ပြောသည်။

No comments:

Post a Comment