Tuesday, February 18, 2014

သစ်ထုတ်လုပ်မှုကို အချိုးညီ လျော့ချဆောင်ရွက်သွားမည်ဟု သစ်တောဒုဝန်ကြီး ပြောကြား



ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော်အစည်း
အဝေးတွင် ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးအေးက ဟုမ္မလင်းမြို့နယ်မှ ထုတ်လုပ်ခဲ့သော သစ်လုံးတန်ရေ မည်မျှရှိပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှ စ၍ သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းပေးရန် အစီအစဉ်များနှင့် စပ်လျဉ်း၍


မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ သစ်တောရေးရာ ဒု-ဝန်ကြီး ဦးအေးမြင့်မောင်က ဟုမ္မလင်းမြို့နယ် သစ်တောနယ်မြေ ပြင်ပတွင်
မြေလွတ်မြေရိုင်းခွင့်ပြုမှုအပေါ် နှစ်ရှည်သီးနှံ စိုက်ပျိုးရန်မြေနေရာ အပြောင်ရှင်း သစ်ထုတ်လုပ်ခြင်းကိုကုမ္ပဏီ(၅)ခု က ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ စုစုပေါင်း သစ်မာ (၃၈၀၀၈)
တန် ထွက်ရှိခဲ့ပါကြောင်း၊ နှစ်ရှည်ပင်စိုက်ပျိုးမည့် လုပ်ငန်းရှင်များ၏ အမှန်တကယ် စိုက်ပျိုးနိုင်မှု အခြေအနေကို စိစစ်၍ ၂၀၁၄-၁၅ခုနှစ် တွင်(၁၀၀၅)ဧကကိုသာ စိုက်ပျိုးမြေအပြောင်ရှင်း ဆောင်ရွက်ခွင့်ပြု ထားပါကြောင်း။

၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်၌ ကျွန်းထုတ်လုပ်ခြင်းကို ဆောင်ရွက်မည်
မဟုတ်ပဲ သစ်မာထုတ်လုပ်ခြင်းကို သိသိ သာသာလျှော့ချ၍ သစ်မာတန်(၄၀၀၀)ခန့်သာ ထုတ်လုပ်ရန် လျာထားဆောင်ရွက်မည်
ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွင်း သစ်ထုတ်လုပ်မှု ဆောင်ရွက်ရသည့် အကြောင်းအရင်းများသည် နိုင်ငံတော် စီမံကိန်းလုပ်ငန်းများ၊ အရေးပေါ် သဘာဝဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပြည်သူလူထု
သုံးစွဲရန် လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက်
ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် သစ်ထုတ်လုပ်မှုကို လုံးဝရပ်ဆိုင်း နိုင်သည့် အခြေအနေ မရှိသေးပါကြောင်းနှင့် သစ်ထုတ်လုပ်မှုကို အချိုးညီ လျော့ချဆောင်ရွက်သွားမည်
ဖြစ်ပါ ကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

မေးမြန်းဖြေကြားချက်အပြည့်အစုံသို့=>http://goo.gl/bf6IS9

No comments:

Post a Comment