Tuesday, February 18, 2014
တကယ့်အဖြစ်အပျက်လေးပါ။
တနေ့မှာ ဆင်းရဲသားကောင်လေး တစ်ယောက် တအိမ်တက် တအိမ်ဆင်းပြီး သူကျောင်းတက်ဖို့အတွက် နွားနို့လိုက်ေ၇ာင်းနေပါတယ်။ လိုက်ရောင်းရင်း ဗိုက်ကဆာလာတယ်၊ နွားနို့က စက်ရုံထုတ်ဖြစ်တဲ့အတွက် ဖောက်သောက်ရင်
ပိုက်ဆံက ပေးစရာမရှိ၊ လူမိရင် အလုပ်ရှင်က အလုပ်ဖြုတ်နိုင်တယ်၊ အဲတာ နဲ့ အိမ်တစ်အိမ်မှာ ရေတခွက်တောင်းသောက်တယ်။
အိမ်ရှင်မက ဆင်းရဲသားကောင်လေးကို ကြည့်ပြီး ကောင်လေးက ဗိုက်ဆာနေမှန်းသိတော့ ကောင်လေးရောင်းတဲ့ နို့ကို ၀ယ်ပြီး ခွက်ထဲထည့် ကာ ကောင်လေးကို တိုက်လိုက်တယ်။
ကောင်လေးကို ဖြည်းဖြည်းချင်းသောက်ပြီး ကျနော် အန်တီဆီက အကြွေး ဘယ်လောက်ရှိသွားသလဲ ခင်ဗျာ့ လို့ မေးတယ်။ အိမ်ရှင်မကလည်း ဘာ အကြွေးမှ မရှိဘူးကွယ် ကလေး လို့ ပြန်ဖြေတယ်၊
အဲတော့ ကောင်လေးက အမေက ပြောထားတယ် ဘယ်သူဆီကမှ ဘယ်တော့မှ အလကား မယူရဘူးတဲ့ ၊ အဲတာ အိမ်ရှင်မက ပြုံးပြီး အန်တီအမေကလည်း အကြင်နာတရားကြောင့်ဖြစ်လာတဲ့ စေတနာဆီက ပိုက်ဆံ မယူဖို့ သင်ပြ ထားပါတယ် ကလေး လို့ ပြန်ဖြေတယ်။
ကောင်လေးကလည်း အဲတာဆို ကျနော်နှလုံးသားကအရင်းတည်ပြီး ကျေးဇူး တင်ပါတယ် ခင်ဗျားလို့ ပြောပြီး အိမ်ရှင်မကို သေချာကြည့်ကာ နူတ်ဆက် ပြီး သူ့ နွားနို့ကို ဆက်ရောင်းပြန်တယ်။
အဲတာနဲ့ နှစ်တော်တော်ကြာသွားတော့ အဲသည့် အိမ်ရှင်မ ဟာ ရုတ်တရုက် အပြင်းဖျားတော့တယ်၊ ရောဂါကလည်း ရှာမတွေ့ အဲတာနဲ့ မြို့ကြီးကို ပို့ပြီး အထူးကုတွေဆီက ကုသစေတယ်။
အဲ့မှာ အထူးကု Dr. Howard Kelly (1858-1943) က အိမ်ရှင်မကို ကြည့်ပြီး ချက်ချင်းပဲ သူအစွမ်းကုန်ကုသပေးတယ်။ နောက်ဆုံး အိမ်ရှင်မမှာ ပြန်လည် ကျန်းမာလာတယ်၊ သူယောင်္ကျားက ကွယ်လွန်သွားတဲ့ အတွက် ဆေးဖိုး တွေ
အားလုံးအတွက် သူ့ညီမမှ အိမ်ကိုရောင်းပြီး ပေးဖို့ သူ့ကို အကြံပေးတော့ အိမ်ရှင်မ ကလည်း အဲလိုပဲ လုပ်ရတာပေါ့ ဆိုပြီး၊ ဆေးရုံ counter မှာ ကျသင့်ငွေ ဘယ်လောက်လဲ ဆိုတာ သွားမေးကြတယ်။
အဲတော့ counter မှ စာရွက်လေး တစ်ရွက် သူ့ကို ပေးလိုက်တယ်။ အဲစာရွက်မှာ ရေးထားတာက " Paid in full with one glass of milk " . အဲတာ ဖတ်ပြီး သူမသဘောပေါက်သွားတယ် သူ့ကူညီခဲ့တဲ့ ကောင်လေးဟာ အထူးကု ဆရာဝန်ဖြစ်နေတာ ဆိုတာပါ။
စေတနာဆိုတာ အမြဲတမ်းရောင်ပြန်ဟပ်ပါတယ်၊ ကိုယ့်စေတနာသာ မှန်ပါစေ နှစ်လကြာသော်လည်း ရောင်ပြန်ပါတယ်။ ယုံပါ။
~MM~
သုတစွယ်စုံကျမ်း
Aye Chan Mon# Credit To : သုတစွယ်စုံကျမ်း> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Labels:
နိုင်ငံတကာသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment