တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့များသည် လိုင်ဇာညီလာခံမှ သဘောတူညီချက် (၁၁) ချက်ထွက်ပေါ် ပြီးသည့်နောက်မြစ်ကြီးနာတွင် ဆက်လက် ဆွေးနွေးခဲ့ကြပါ၏။ ထို့နောက်ဆွေးနွေး ပွဲကို ကရင်ပြည်နယ်လော်ခီးလာတွင် ဆက်လက်ဆွေးနွေးမှုများပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါကရင်ပြည်နယ် လော်ခီးလာဆွေးနွေးပွဲသို့တက်ရောက်ခဲ့ သူရှမ်းပြည်နယ်လူမျိုးပေါင်းစုံပြည်သူလွတ် မြောက်ရေးအဖွဲ့အပါဝင်အဖွဲ့ ၃ ဖွဲ့၏ ကိုယ်စားလှယ်ဖြစ်သူစိုင်းထွန်းအေးကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
လော်ခီးလာမှာတိုင်းရင်းသားအင်အားစု တွေရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘယ်လောက် အတိုင်းတာအထိအကျိုးသက်ရောက်မယ် လို့ထင်ပါသလဲ။
ဒီဆွေးနွေးပွဲကထူးမခြားနားလို့ပြော ရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လိုင်ဇာမှာတုန်းက ကျွန်တော်တို့တိုင်းရင်း သားလက်နက်ကိုင်တွေရဲ့  Endgame လို့ ပြောရတယ်။ Endgame ကာလမှာ စုစည်း ချက်ရခဲ့တယ်။ ဒီလိုစုစည်းချက်တွေက လိုင်ဇာမှာတော်တော်လေးစုစည်းမှုတွေရ ခဲ့ပါတယ်။ လိုင်ဇာညီလာခံကိုဒုတိယပင်လုံ လို့တောင်ပြောလို့ရပါတယ်။ အခုလော်ခီး လာမှာဖြစ်တဲ့ဟာကတော့ လိုင်ဇာမှာ ဖရို မရဲဖြစ်သွားတဲ့အဖွဲ့တွေကို ပြန်လည်ထိန်း ကျောင်းတဲ့အနေအထားလို့ပြောလို့ရပါတယ်။ ဒါကြောင့် လော်ခီးလာရဲ့ ဆုံးဖြတ်ချက် ဟာ ဘာမှထူးထူးခြားခြားဖြစ်မလာဘူး။ ထူးခြားမှုမရှိဘူးလို့ထင်ပါတယ်။
ကချင်ပြည်နယ်၊ လိုင်ဇာမှာတုန်းက ကျင်းပခဲ့တဲ့ ညီလာခံကိုဘာကြောင့် ဒုတိယ ပင်လုံလို့အစ်ကိုအနေနဲ့ ထင်ပါသလဲ။ အခုကျင်းပတဲ့ လော်ခီးလာကရော အဲဒီ လိုပုံစံမျိုးဘာကြောင့်မဖြစ်တာလဲဆိုတာ ပြောပေးပါ။
အဓိကကတော့ အိမ်ရှင်နဲ့ ဆိုင်ပါ တယ်။ ဖိတ်ကြားသင့်တဲ့ UNFC လို့ အဖွဲ့ မျိုးကိုမဖိတ်ဘူးလို့စောစောကတည်းက ပယ်ချခဲ့တယ်။ နောက်ပြီး KNU ခေါင်း ဆောင်တွေကလည်း နေပြည်တော်ကို သွားတယ်။ သမ္မတနဲ့ တွေ့တယ်။ ကာချုပ် နဲ့လည်းတွေတော့ အဲဒီအပေါ်မှာတော် တော်များများက သံသယရှိကုန်တယ်။ သံသယရှိတယ်ဆိုတာက ညွှန်ကြားချက် ဆုံးဖြတ်ချက်တွေသွားတောင်းနေပြီလား ဆိုပြီး အမှန်ကို သံသယရှိနေကြတယ်။ ဒါပေမဲ့ လော်ခီးလာဆွေးနွေးပွဲပြီးတာနဲ့ ဖားအံမှာ ဆက်လက်ပြီးတွေ့မဲ့အစီအစဉ် ကို အစိုးရဘက်က ဖျက်သိမ်းလိုက်တော့ တိုင်းရင်းသားအချင်းချင်းပဲလွတ်လွတ် လပ်လပ်တွေ့ကြမယ်လို့ပြန်စုကုန်ကြတာ။ ဆိုလိုတာကတော့ ဖားအံဆွေးနွေးပွဲကို အစိုးရကဖျက်လိုက်တဲ့အတွက်ကြောင့် မလို့တိုင်းရင်းသားတွေကို တစ်စုတစ်စု တစ်စည်းတည်းဖြစ်ပွားအောင်တွန်းပို့သလို ဖြစ်သွားပါတယ်။
လော်ခီးလာဆွေးနွေးပွဲက (၃) ရက်ပဲ လုပ်မယ်ဆိုပြီး ရက်ရှည်ကြားသွားတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတာ ကိုပြောပေးပါ။
ထွေထွေထူးထူးငြင်ခုန်ကြတာတော့ မဟုတ်ဘူး။ နဂိုလ်သတ်မှတ်ထားတာက ၃ ရက်ပဲ သတ်မှတ်ထားပြီးသားပါ။ အခု လို (၆) ရက်ဖြစ်သွားတာက သူတို့ချလိုက် တဲ့ မူကြမ်းပေါ့၊ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ ဆွေးနွေးမဲ့အချက် ၂၉ မျက်နှာကို ချပြ တဲ့အခါမှာ ခေါင်းစဉ်ကိုယ်တိုင်က လက်နက်ကိုင်လို့သုံးနှုန်းထားတယ်။ လက်နက်ကိုင်ဆိုတဲ့နေရာမှာ ဘိန်းသမား တွေလည်း လက်နက်ကိုင်တာပဲ။သူတို့နဲ့ တစ်တန်းစားတည်းဖြစ်နေတယ်။ ဒါကြောင့်မလို့တော်လှန်ရေးဆိုတဲ့ အသုံး နှုန်းကိုဖြုတ်ထားခဲ့တဲ့အတွက် အဖွဲ့အစည်း တွေက လက်မခံကြဘူး။ တော်လှန်ရေး ဆိုတဲ့ အသုံးအနှုန်းကို မသုံးတဲ့အတွက် ခေါင်းစဉ်ကိုကတည်းက ဈေးဦးကျိုးသလို ဖြစ်နေတဲ့အတွက် မကြာသင့်ပဲကြာသွား ရတာပါ။ ငြင်းကြခုန်ကြတဲ့ အတိုင်းတာ ကြောင့်မလို့ပါ။ ဒါပေမဲ့ ဒီကိစ္စတွေကို ပြန်ပြီးတော့ အစုအဖွဲ့လိုက်ပြန်ပြီးဆွေးနွေး ကြတယ်။ အချောပြန်လုပ်ရတဲ့အတိုင်း အတာတွေကြောင့် ၆ ရက်ကြာသွားတာပါ။ ပြဿနာဘာမှမရှိပါဘူး။
အဲဒါတွေကိုလည်း အစ်ကိုတို့တိုင်းရင်း သားတွေဘက်ကဥပဒေပညာရှင်တွေက ဆွဲတယ်လို့သိထားပါတယ်။ ဒီလိုသုံးနှုန်း တဲ့ ဥပဒေပညာရှင်တွေကို ဘယ်လို့မြင် ပါသလဲ။
ဒီဥပဒေကို ရေးဆွဲတဲ့သူတွေပြော တာကတော့ ဆွေးနွေးတဲ့အခါမှာ NCCTအဖွဲ့နဲ့ MPC တို့ ဆွေးနွေးတဲ့အခါမှာ သက်တောင့်သက်သာဖြစ်သွားအောင်လို့ဆို ပြီး တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းကို ခဏဖြုတ်ထားလိုက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေရဲ့ ရင်ဘတ်ထဲမှာ တော်လှန်ရေး ဆိုတာရှိပြီးသားပါ။ MPC နဲ့ ဆွေးနွေးတဲ့ အခါမျာ သက်တောင့်သက်သာဖြုတ်ထား တယ်လို့ဆင်ခြေပေးတယ်။ အဲဒီတော်လှန် ရေးဆိုတဲ့ဟာကို ဖြုတ်လိုက်တာနဲ့ အကုန် ဈေးလျော့ပေးဖို့ပဲရှိတော့တယ်။ ဥပဒေ ပညာရှင်ဆိုတဲ့နေရာမှာလည်း တစ်ခါ တစ်ခါဝါးချထားတာတွေရှိပါတယ်။ ဒါပေမဲ့ ဒီကွန်ဖရင့်ကအမြင့်ဆုံးပဲ။ ဒီကွန်ဖရန့်ကိုတက်လာတဲ့ အဖွဲ့ပေါင်းစုံ ရဲ့အနေအထားကြောင့် ဒီတော်လှန်ရေး အသုံးအနှုန်းကို ပြန်ထည့်လိုက်ရတာပါ။ တက်ရောက်လာတဲ့ အဖွဲ့အစည်းရဲ့အသံ၊ ကွန်ဖရင့်အသံကြောင့်တော်လှန်ရေးဆို တဲ့ အသုံးအနှုန်းကိုပြန်ထည့်လိုက်ရပါ တယ်။
လော်ခီးလာမှာ (၀) နဲ့ မိုင်းလားအဖွဲ့ တွေတက်ရောက်ခြင်းမရှိတဲ့အပေါ်ကို ဘယ်လိုမြင်ပါသလဲ။
လိုင်ဇာဆွေးနွေးပွဲလုပ်စဉ်အခါက တည်းက၀နဲ့ မိုင်းလားကတက်ရောက်ဖို့ အစီအစဉ်ရှိတယ်။ ဒါပေမဲ့ လိုင်ဇာဆွေးနွေး ပွဲမစတင်ခင် ၂၈ ရက် ညနေ ၄ နာရီ အချိန်မှာ တက်ရောက်မဲ့ကိုယ်စားလှယ် ကို မလွတ်တော့ဘူးလို့ချက်ခြင်းပြောင်းလဲ သွားတာ။ဆိုလိုတာကသူတို့ဘက်က မူကြမ်းကိုရနေပြီလို့ကြားတယ်။ ဒီမူကြမ်း ကိုရနေတဲ့ အစိတ်ပိုင်းမှာ ဒီမူကြမ်းကသူ တို့တက်လည်းဘာမှမထူးဘူးပြောလို့မရ ဘူးဆိုပြီး လိုင်ဇာမှာလည်း အဲဒီအတွက် ကြောင့်မလို့မလွှတ်တာ၊ အခုလော်ခီးလာ မှာလည်း UNFC လို့ အဖွဲ့သာတက် ရောက်ခွင့်ရှိမယ်ဆိုရင် UNFC က (၀) လို့အဖွဲ့မျိုးကိုခေါ်လာလို့ရတယ်။ လေ့လာ သူအနေနဲ့ လွှတ်ကောင်းလွှတ်နိုင်တယ်။ အခုအခြေအနေမှာ (၀)နဲ့ မိုင်းလားတို့ နဲ့ ပိုမိုဦးစပ်နေတာက UNFC အဖွဲ့ဖြစ် တယ်။ UNFC က ချင်းမိုင်းမှာလုပ်တဲ့ပွဲ တိုင်းမှာ (၀) တို့မိုင်းလားတို့လာတတ် တယ်။ အခုလော်ခီးလာမှာ သူတို့ကိုခေါ် ဆောင်မယ့် UNFC ကို ပယ်ချထားတော့ ပိုဆိုးသွားတယ်။ သူတို့ကို အပါခေါ်မယ်။ သူမရှိဘူးဖြစ်နေတယ်။ ဒါပေမဲ့ အများစု ဆန္ဒသဘောထားတွေကို (၀) နဲ့ မိုင်းလား အဖွဲ့တွေအနေနဲ့ အများနည်းတူလိုက်မှာ ပါ။
လော်ခီးလာမှာ UNFC ကိုဘာကြောင့် ဖိတ်ကြားမှုမလုပ်ခဲ့တာလဲ။ဆိုတာပြော လို့ရရင်ပြောပေးပါ။
ဒါကတော့ အိမ်ရှင်ပေါ်မူတည် တယ်။ အိမ်ရှင်ပေါ်မူတည်တယ်လို့ဘာ ကြောင့် ပြောရလည်းဆိုရင် UNFC က လက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်ပေါင်းစု ကြီးကို အိမ်ရှင်ကပယ်ချခဲ့တယ်။ မဖိတ် ခဲ့ဘူး။ အာဂျင်နာတွေ ရေးဆွဲတဲ့အခါမှာ ကိုးရို့ကားယားတွေဖြစ်တယ်။ ဒီလိုကိုးရို့ ကားယားဖြစ်နေတဲ့အတွက် အဖွဲ့အစည်း ပေါင်းစုံကအသံတွေထွက်နေတဲ့အချိန်မှာ လာပြီးတော့ ထိန်းရတာက UNFC ဥက္ကဋ္ဌ ကိုယ်တိုင်လာထိန်းရတယ်။ UNFC ကို မဖိတ်ပေမဲ့လည်း ပွဲကိုဥက္ကဋ္ဌကိုယ်တိုင် ဖေးဖေးမမနဲ့ ထိန်းပေးခဲ့ရတယ်။ လောခီး လာဆွေးနွေးပွဲသုံးရက်မြောက်နေ့မှာ ဗိုလ်ကြီးတာမလကကချင်အနေနဲ့ ရောက် လာတာမဟုတ်ဘူး။ UNFC ဥက္ကဋ္ဌအနေ နဲ့ ရောက်လာတာ။သူရောက်လာတော့ အဖွဲ့အစည်းတွေက အားတက်ကုန်ကြ တယ်။ သူကနှုတ်တောင်မဆက်ရသေး ဘူး။ သူဝင်လာတဲ့အချိန်မှာ အဖွဲ့အစည်း တွေက လက်ခုပ်တီးပြီး ကြိုဆိုကြပါ တယ်။ အခမ်းနားအစီအစဉ်ကနေ ထပ်ရောက်လာတဲ့ ကိုယ်စားလှယ်တော် လို့ကြေညာလိုက်တော့ လက်ခုပ်သံက ပိုထွက်လာတယ်။ ဥက္ကဋ္ဌကြီးကိုလက်ခုပ် သံ (၂) ခါနဲ့ ကြိုဆိုခဲ့တာကို ကျွန်တော့် မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပါတယ်။
လော်ခီးလာဆွေးနွေးပွဲကို RCSS တက် ရောက်ခဲ့ပေးမယ့် ဘာကြောင့်လက်မှတ် မထိုးခဲ့တာလဲ။
RCSS က လိုင်ဇာမှာကတည်းက လက်မှတ်မထိုးခဲ့ပေမဲ့ လိုင်ဇာမှာဆုံးဖြတ် ချက်မူတွေကို ထောက်ခံတယ်။ မကန့် ကွက်ဘူး။ အခုလိုင်ဇာရဲ့ အဆက်လော်ခီး လာရဲ့ မူကြမ်းတွေကို အချောသတ်တဲ့ အထိ စောင့်ကြည့်သွားတယ်။ ကန့်ကွက် တာမရှိဘူး။ဆိုလိုတာက လိုင်ဇာမှာမထိုးခဲ့ လို့ ဒီပွဲမှာ မထိုးဘူးဆိုတာက ကျွန်တော် တို့သိရသလောက် လူထုအခြေအနေပြု အဖွဲ့တွေ အဓိကကျေားရိုးဖြစ်တဲ့ အဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးပြီးမှ ဒါကိုဆုံးဖြတ် မယ်လို့သိရတယ်။ အနေနဲ့တော့ မဆုံးဖြတ်ဘူး။ လူထုအဖွဲ့စည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဆန္ဒခံယူမယ်လို့ သတင်းကြားရပါတယ်။ လော်ခီးလာဆွေး နွေးပွဲမှာလည်းစကားအနည်းဆုံးအဖွဲ့လို့ပြော လို့ရတယ်။ တစ်စုံတစ်ရာဆွေးနွေးတာတို့ ဖလှယ်တာတို့မရှိခဲ့ဘူး။ သူတို့ထဲက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တစ် ဦးကတော့ ရန်သူမလာဘူးလည်းမထွက် နဲ့။ရန်သူလာခဲ့သည်ရှိသော်ရန်သူလာမယ်။ လမ်းမှာကြိုတင်စောင့်နေရမယ်ဆိုတာတော့ ပြောသွားတယ်။ တခြားမူဝါဒတွေကို တစ်လုံးတစ်ပါဒမှမပြောသွားခဲ့ဘူး။ ကျွန်တော်နားလည်တာကအထက်က များများနားထောင်လာခဲ့ နည်းနည်းပဲ ပြောလို့ညွှန်ကြားထားသလားတော့မပြော တတ်ဘူး။ ဆွေးနွေးပွဲကိုတော့ RCSS ရဲ့ အထွေထွေအတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး စိုင်လှ၊ RCSS ရဲ့ အကြံပေးရှမ်းသံတော် ဆင့်မှာလုပ်နေတဲ့ ဦးခွန်စိုင်ကနည်းနည်း ပြောသွားတယ်။
တိုင်းရင်းသားတွေက ကိုယ့်လူမျိုးတွေရ သင့်ရထိုက်တာတွေကို ဆွေးနွေးနေတဲ့ အချိန်မှာ RCSS က အခုလိုမဆွေးနွေးဘဲ နေတာဘာကြောင့်ပါလဲ။
ဒီလိုနှုတ်ဆိတ်နေတာကိုသံသယ တော့မရှိပါဘူး။ ဒီမူကြီးတွေထွက်လာခြင်း အားဖြင့် တောင်းလို့မရမှန်းသူတို့ရိပ်မိကြ တယ်။ အခုလိုင်ဇာကထွက်လာတဲ့အချက် တွေကိုတောင်အစိုးရကလက်ခံမှာမဟုတ် ဘူးဆိုတာကို နားလည်ထားပုံရတယ်။ လက်မှတ်ထိုးတယ်။ ဆွေးနွေးပြီးဖြစ် မလာဘူးဆိုရင်သူတို့ဈေးကျတဲ့ ပုံသဏ္ဍာန် မျိုးဖြစ်မှာစိုးတဲ့အတွက်လို့ထင်ပါတယ်။ ဒါကတော့ ကျွန်တော်ရဲ့အမြင်ပါ။
အရင်န၀တလက်ထက်တုန်းကလည်း ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် အပစ် ခတ်ရပ်စဲရေးတွေလုပ်ခဲ့တယ်။ အခု အပစ်ခတ်ရပ်စဲရေးကရောဘယ်လောက် အထိအာမခံချက်တွေရှိနိုင်မယ်လို့ထင်ပါ သလဲ။
အရင်တုန်းက လုပ်ခဲ့တာက နှုတ် ကတိနဲ့ လုပ်ခဲ့တာ။စာချုပ်စာတမ်းနဲ့ လုပ်ခဲ့တာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ လုပ်ခဲ့ တယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်ပြုတ်သွားတာနဲ့ ကျန်တဲ့အဖွဲ့တွေက အာမခံချက်မရှိတော့ ဘူး။ အခုဦးအောင်မင်းကို အနားပေးပြီး ဖြုတ်လိုက်ရင်လည်း သူတို့နဲ့ လုပ်ထား တာတွေက အာမခံချက်မရှိနိုင်ဘူး။ ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေးရေစီးကြောင်းကလူတစ်ဦး တစ်ယောက်နဲ့ လုပ်ရင်လူတစ်ဦးတစ်ယောက် နဲ့ ပဲဆိုင်တယ်။ နောက်ပိုင်းကိုအစိုးရက တာဝန်ယူခဲ့တာ မရှိဘူး။ အဲဒီတစ်ဦးတစ် ယောက်ကတစ်စုံတစ်ရာအနားယူတာပဲ ဖြစ်ဖြစ်၊အကြောင်းအမျိုးမျိုးကြောင့်မရှိ တော့ရင် တိုင်းရင်းသားလက်နက်အဖွဲ့တွေ အနေနဲ့ တစ်ကနေပြန်စရတာက အစဉ် အဆက်လိုဖြစ်နေတယ်။ ဒီလို့ရှေ့ဆက်တာ ၀န်ယူမှုမရှိလိုရှိရင်တော့ ငြိမ်းချမ်းဖို့ဆို တာမလွယ်သေးဘူး။ တော်တော်လေးကို စိုးရိမ်းရပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့အတွက် ငြိမ်းချမ်းရေးစင်တာကို ဖွဲ့ပြီး ဖော်ဆောင်နေတဲ့အပေါ်ဘယ်လိုမြင်ပါသလဲ။
မြန်မာပိစ့်စင်တာက တကယ်တမ်း ကြတော့ နိုင်ငံတကာငွေကြေးအထောက် အပံ့တွေရထားတာပဲ။ နိုင်ငံတကာငွေ ကြေးအထောက်ပံ့ဆိုတာကနော်ဝေနဲ့ ဂျပန်နိုင်ငံတွေက မြန်မာနိုင်ငံသူနိုင်ငံသား တွေ ငြိမ်းချမ်းဖို့အတွက် မြန်မာပိစ်စင် တာက အလုပ်လုပ်ပါဆိုပြီး ပိုက်ဆံတွေ ထုတ်ပေးထားတာပဲ။ ဒါပေမဲ့ မြန်မာပိစ် စင်တာကအစိုးရရဲ့ ဘက်တစ်ဖက်ကိုပဲ ရပ်နေသလိုဖြစ်နေတယ်။ အဲဒါကတော့ စိတ်မကောင်းစရာဖြစ်တယ်။ အစိုးရနဲ့ မပတ်သက်တဲ့အဖွဲ့အစည်းမျိုးဆိုရင်တော့ ကောင်းတယ်။ အခုမြန်မာပိစ့်စင်တာက ဆွေးနွေးတယ်။ လက်နက်ကိုင်အဖွဲ့စည်း တွေနဲ့ ဆွေးနွေးပြီးရင်ဆုံးဖြတ်ချက်ပေး နိုင်တာမဟုတ်ဘူး။ ပြန်တင်ပြပါမယ်ဆို တဲ့ သဘောထားပေးတယ်။ ကျွန်တော် တို့ဘက်ကဆုံးဖြတ်ချက်တွေကို သူတို့ကို အကုန်ပြောပြလိုက်ရတယ်။ သူတို့ဘက် ကဆုံးဖြတ်ချက်တော့မရဘူး။ ဒါကြောင့် မြန်မာပိစ်စင်တာကဆုံးဖြတ်ခွင့်မရှိဘူး။ အထက်ကိုပြန်ပြီး ကြည့်နေတဲ့သဘောရှိ တယ်။ ဒီလိုဖြစ်နေတဲ့အတွက် ကျွန်တော် တို့ဘက်ကNCCTအဖွဲ့ကလည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကို ကိုယ်စားပြုတယ်။ ဆုံးဖြတ် ပိုင်ခွင့်မရှိဘူး။ ညှိနှိုင်းဆောင်ရွက်တဲ့အဆင့် အနေမျိုးပဲရှိုက်မှာတင်တိုက်ပွဲတွေဖြစ်နေ တယ်။ တကယ်တော့ ဆွေးနွေးနေတဲ့ အချိန်မှာတိုက်ပွဲတွေကို ရပ်နားထားသင့် တယ်။ ကျွန်တော့်အမြင်ကိုပြောရရင် အစိုးရဘက်က ဆွေးနွေးရင်နဲ့ တိုက်နေတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ဒါကြောင့် လော်ခီးလာဆွေးနွေးပွဲမှာ ရှမ်းပြညှ်SSPP က တင်ပြသွားတယ်။ အစိုးရဖက်က တောင်ဆွေးနွေးနေတဲ့ အချိန်မှာတိုက်နေ တာ။ဒါကြောင့်ကျွန်တော်တို့တိုင်းရင်းသား တွေဖက်ကလည်း တိုက်ရင်းနဲ့ ဆွေးနွေး မယ်ဆိုတဲ့ အသံတွေခန်းမထဲမှာ လွှမ်းခြုံ သွားပါတယ်။ အစိုးရဘက်က ဆွေးနွေး နေတာက မြန်မာပိစ့်စင်တာနဲ့ ဆွေးနွေး နေတာ။ တကယ်တမ်းမြန်မာပိစ့်စင်တာက လည်း သမ္မတရုံးက၀န်ကြီးတွေ ငြိမ်းချမ်း ရေးဖော်ဆောင်ရေးကော်မတီမှ ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်းကိုယ်တိုင် ပါဝင်တယ်။ ဒါကြောင့် သမ္မတကဆွေး နွေးတယ်လို့လည်း သတ်မှတ်လို့ရပါတယ်။ ဒီလိုအစိုးရဖက်က ဆွေးနွေးနေတဲ့အချိန် မှာကာချုပ်ကလည်းထိုးစစ်တွေဆင်နေ တယ်။ ဒါတွေကြည့်ခြင်းအားဖြင့် သမ္မတ က လုပ်ချင်တာလုပ်နေသလိုကာချုပ်က လည်း လုပ်ချင်တာလုပ်နေတယ်လို့ယူလို့ ရပ

No comments:
Post a Comment